Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
TikTok ကို ပိုင်ဆိုင်တဲ့ ByteDance ဟာ virtual reality (VR) နည်းပညာနယ်ပယ်သို့ ဝင်ရောက်ရန် ပိုမို၍ အလေးအနက်ထားကာလုပ်ဆောင်လာပြီပဲဖြစ်ပါတယ်။
ကုမ္ပဏီဟာ VR နဲ့ ဆက်စပ်နေတဲ့ content များကို develop ပြုလုပ်နိုင်ရေးအတွက် “ငွေကြေးအမြောက်အများ” ရင်းနှီးမြှုပ်နှံသွားဖို့ အစီအစဉ်များရေးဆွဲထားကြောင်း Protocol မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
ByteDance မှ ပြုလုပ်သွားမယ့်ရင်းနှီးမြှုပ်နှံမှုအများစုကတော့ ဝန်ထမ်းခေါ်ယူဌားရမ်းရေးဖြစ်ပြီး Protocol ရဲ့ သတင်းအရ ပြီးခဲ့တဲ့နှစ်အတွင်း ByteDance မှဝယ်ယူခဲ့သော Pico လို့အမည်ပေးထားတဲ့ တရုတ်နိုင်ငံအခြေစိုက် VR headset ထုတ်လုပ်ရေးကုမ္ပဏီတွင် အလုပ်ခေါ်ယူစာ ၄၀ ခန့် တက်လာခဲ့ပါတယ်။ အလုပ်ခေါ်စာအများစုကတော့ ကယ်လီဖိုးနီးယားနှင့် ဝါရှင်တန်ပြည်နယ် west-coast အခြေစိုက် ကုမ္ပဏီရုံးခွဲများအတွက်ဖြစ်ပြီး VR game strategy အကြီးအကဲရာထူးမှ game operation manager အထိ ရာထူးပေါင်းများစွာကို ခေါ်ယူမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။