TikTok plans a “major push” into gaming and game live-streamers could play with viewers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.5.2022 | TikTok မှ gaming လောကသို့ စတင်ဝင်ရောက်ရန် ကြံစည်လျှက်ရှိနေပြီဖြစ်ပြီး game live-streamer များအနေနဲ့ viewer များနှင့်အတူ ဆော့ကစားနိုင်တော့မည်ဖြစ် 

Reuters မှ ရေးသားထားသည့် သတင်းတစ်ပုဒ်အရ TikTok ဟာ gaming industry အတွင်းသို့ ဝင်ရောက်ရန် ကနဦးအနေနဲ့ Vietnam နိုင်ငံအတွက် ထုတ်လွှင့်ပေးထားသည့် ၎င်းတို့ရဲ့ TikTok app တွင် ဂိမ်းများကို စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

ကုမ္ပဏီကိုယ်စားလှယ်တစ်ဦးရဲ့ အတည်ပြုပြောကြားချက်အရ HTML5 ဖြင့်ရေးဆွဲထားသည့် mini game များကို စမ်းသပ်လျှက်ရှိနေပြီဖြစ်ကြောင်း သိရှိရပြီး “ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ platform ကို ပိုမို၍ကြွယ်ဝလာစေမည့် နည်းလမ်းအသစ်များကို အမြဲရှာဖွေလျှက်ရှိနေပြီး ကျွန်ုပ်တို့ရဲ့ community အတွက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက်အသစ်များနှင့် integration ပြုလုပ်နိုင်မည့်အရာများကို ပုံမှန်စမ်းသပ်မှုများပြုလုပ်လျှက်ရှိနေပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 

Reuter ရှိ သတင်းအရင်းအမြစ်များရဲ့ ပြောကြားချက်အရ ၎င်းတို့ရဲ့ ပင်ရင်းကုမ္ပဏီဖြစ်တဲ့ ByteDance ရဲ့ game library မှ ရယူသွားမည့် ကြော်ငြာထည့်သွင်းထားသော game များအတွက် ထိုသို့ အစီအစဉ်ရေးဆွဲခဲ့တာဖြစ်ပြီး ထိုသို့ဖြစ်လာခဲ့ပါက ဒီလုပ်ဆောင်ချက်ဟာ အမြတ်ငွေများကို ပိုမိုများပြားမှုရှိလာစေမှာဖြစ်ကာ လူတွေရဲ့ TikTok app ကို အသုံးပြုတဲ့အချိန်ကိုလည်း ပိုမိုတိုးမြှင့်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။