TikTok music project got a Grammy award

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.4.2022 | TikTok တေးသီချင်းပရောဂျက်တစ်ခုမှ ဂရမ်မီဆုကို ဆွတ်ခူးရရှိခဲ့

The Unofficial Bridgerton Musical ဟာ ဧပြီလ ၃ ရက်နေ့ညက ကျင်းပခဲ့သော ဂရမ်မီဆုပေးပွဲတွင် ဂရမ်မီဆုကို ဆွတ်ခူးရယူးနိုင်ခဲ့ပြီး TikTok ပေါ်မှစတင်ခဲ့သော ပရောဂျက်မှတဆင့် ဂရမ်မီဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးသော တေးသီချင်းအဖွဲ့တစ်ခု ဖြစ်လာခဲ့ပါတယ်။

Emily Bear နှင့် Abigali Barlow တို့ဟာ Netflix ပေါ်ရှိ လူကြိုက်များသော ရုပ်ရှင်စီးရီးတစ်ခုဖြစ်တဲ့ Bridgerton ကို အခြေခံထားသော တေးသီချင်းများကို ဖန်တီးသီဆိုခဲ့ကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ်အစောပိုင်းခန့် ကတည်းက TikTok ပေါ်တွင် ကြည့်ရှုနားဆင်သူ သန်းပေါင်းများစွာရှိနေခဲ့ပြီဖြစ်တယ်လို့ သိရှိရပါတယ်။

Bear နဲ့ Barlow တို့ဟာ TikTok ကို အသုံးပြု၍ suggestion များပိုမိုတက်လာစေရန် ပြုလုပ်ခြင်း၊ Fan များနဲ့ ရင်းနှီးမှုတည်ဆောက်ခြင်းနှင့် သီချင်းရေးသားပုံအဆင့်ဆင့်ကို ကြည့်ရှုသူများထံမျှဝေခြင်း တို့ကိုလည်း ပြုလုပ်ပေးခဲ့ကြပြီး တေးသီချင်းရေးသားမှုပြီးဆုံးသည်နှင့် ၎င်းတို့ရဲ့ သီချင်းများကို TikTok ပေါ်တင်ပေး၍ တဖြည်းဖြည်းအသံသွင်းမှုများကို ပြုလုပ်ခဲ့ကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်တော့ တေးသီချင်း ၁၅ ပုဒ်ပါဝင်တဲ့ Album တစ်ခုကို ထုတ်ဝေခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။