Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
TikTok ဟာ လုပ်ငန်းများအတွက် Offer များနဲ့ ကြော်ငြာမှုပြုလုပ်နိုင်မယ့်ရွေးချယ်စရာနည်းလမ်းများကို ပိုမို၍ တိုးချဲ့မှုများ ပြုလုပ်လာခဲ့ပြီး မကြာသေးမှီကလည်း Small Business Resource Center အသစ်တစ်ခုကိုဖွင့်လှစ်ပေးခဲ့ကာ ထိုအထဲတွင် Case study များ၊ Creative tool များ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို သူတို့ရဲ့ app အကြောင်းရှင်းပြပေးထားတဲ့ video များပါဝင်နေပါတယ်။
TikTok မှ ရှင်းပြချက်အရ - “Success story များမှစ၍ Creative tool များနဲ့ webinar များအထိ ကျွန်ုပ်တို့ရဲ့ platform ပေါ်တွင် သင့်ရဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာစတင်ပျိုးထောင်နိုင်စေဖို့ လိုအပ်တဲ့အရာအားလုံးကို အဆိုပါနေရာတွင် ထည့်သွင်းပေးထားပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
ဒီအချက်ကြောင့် များစွာသော brand များဟာ သူတို့ရဲ့ Digital Marketing လုပ်ဆောင်ချက်များကို TikTok ပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်းလုပ်ဆောင်လာကြနိုင်ချေရှိနေပြီး ယခုအသစ်ပြုလုပ်ပေးလိုက်တဲ့ Small Business Resource Center ဟာလည်း ဒီလိုလုပ်ဆောင်ရာတွင်ကောင်းမွန်မှုရှိစေဖို့အတွက်ကို ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။