TikTok launched an app for LG’s new smart TVs

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.10.2021 | LG ရဲ့ smart TV အသစ်များအတွက် TikTok မှ သူတို့ရဲ့ app ကို ရေးဆွဲထုတ်လွှင့်ပေးခဲ့

LG မှထုတ်ပြန်လိုက်တဲ့ကြေငြာချက်တစ်ခုအရ TikTok ဟာ သူတို့ရဲ့ 2020 နှင့် 2021 smart TV များအတွက် TikTok app ကိုရေးဆွဲထုတ်လွှင့်ပေးခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ TikTok app ဟာ မကြာမှီကထုတ်လွှင့်ပေးခဲ့တဲ့ webOS 5.0 နှင့် webOS 6.0 model များထံသို့ firmware update ပေးခဲ့ခြင်းနှင့်အတူ အောက်တိုဘာ ၇ ရက်နေ့ကထွက်ရှိလာခဲ့တာဖြစ်ပြီး လာမည့်လများအတွင်း LG ရဲ့ 2019 TV model များသို့လည်း ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

အဆိုပါ app ကို ယခုအခါတွင် UK, France နှင့် Germany နိုင်ငံများတွင် စတင်ထုတ်လွှင့်ပေးပြီးဖြစ်တယ်လို့ The Verge သို့ TikTok ရဲ့ကိုယ်စားလှယ်ပုဂ္ဂိုလ်တစ်ဦးမှ အတည်ပြုပေးခဲ့ပြီး TikTok ဟာ TV များပေါ်သို့ ပိုမို၍‌နေရာယူလာနိုင်သည်နှင့်အမျှ ကြော်ငြာခများကိုလည်း တိုးမြှင့်၍ကောက်ခံသွားလိုဟန်ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။