TikTok is testing a Repost button which is similar to Retweet button from Twitter

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.1.2022 | Twitter ရဲ့ Retweet button နှင့် ဆင်တူသည့် Repost button ကို TikTok မှ ထည့်သွင်းရန် စမ်းသပ်လျှက်ရှိ‌

လူသုံးများနေသော video sharing app တစ်ခုဖြစ်တဲ့ TikTok ဟာ သင့်ရဲ့ “For You” page ပေါ်တွင်ရှိသော share ပြုလုပ်လိုတဲ့ video clip များကို သင့်သူငယ်ချင်းများထံသို့ တစ်ယောက်ချင်းစီလိုက်လံပို့နေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် လုပ်ဆောင်ချက်အသစ်တစ်မျိုးကို စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်ပါတယ်။

TikTok ဟာ Twitter ရဲ့ retweet feature ကဲ့သို့ လုပ်ဆောင်ပေးမှာဖြစ်တဲ့ “Repost” button ကို စတင်စမ်းသပ်လျှပ်ရှိနေပြီဖြစ်သော်လည်း လက်ရှိတွင် အသုံးပြုသူများအားလုံးအနေနဲ့ ဒီခလုတ်ကိုတွေ့မြင်ရဦးမှာတော့မဟုတ်ပါဘူး။ မကြာသေးမှီက များစွာသောသတင်း website များပေါ်တွင် အဆိုပါလုပ်ဆောင်ချက်နဲ့သက်ဆိုင်တဲ့အချက်များကို သတင်းများရေးသားထားခဲ့ပြီး Social Media Consultant တစ်ဦးဖြစ်တဲ့ Navarra ကလည်း အဆိုပါ “Repost” button ရဲ့ ဓါတ်ပုံကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည်မျှဝေမှုပြုလုပ်ခဲ့ပါတယ်။

Repost button ဖြင့် ပြန်လည်မျှဝေမှုပြုလုပ်လိုက်တဲ့ video များဟာ မျှဝေပေးလိုက်တဲ့သူရဲ့ profile ပေါ်တွင် ပေါ်လာမှာမဟုတ်ပဲ သူတို့ရဲ့ friend ဖြစ်နေသူများရဲ့ For You feed များတွင်သာ ပေါ်လာမှာဖြစ်ပါတယ်။ TechCrunch ရဲ့ပြောကြားချက်အရ အဆိုပါ Repost button ဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် follow ပြုလုပ်ထားသူများရဲ့ feed များပေါ်သို့သာ Push လုပ်ပေးလိုက်မှာဖြစ်တယ်လို့သိရှိရပြီး ယခုအခါတွင် အဆိုပါလုပ်ဆောင်ချက်ကို သတ်မှတ်ထားတဲ့ အသုံးပြုသူအနည်းငယ်ဖြင့် စတင်စမ်းသပ်မှုများပြုလုပ်နေပြီပဲဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။