TikTok is testing a new feature to let creators monetize from their contents

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.2.2022 | Video ဖန်တီးသူများအနေနဲ့ ၎င်းတို့ရဲ့ content များဖြင့် ဝင်ငွေရှာဖွေနိုင်ကြရန် လုပ်ဆောင်ချက်အသစ်တစ်ခုကို TikTok မှ စတင်စမ်းသပ်လျှက်ရှိ

The Information သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်အရ - TikTok က ၎င်းတို့ဟာ paid subscription များကို support ပြုလုပ်ပေးနိုင်ဖို့အတွက် စမ်းသပ်လျှက်ရှိနေပြီဖြစ်ပြီး TikTok video ဖန်တီးသူများအနေနဲ့ ၎င်းတို့ရဲ့ content များကို အခကြေးငွေကောက်ခံနိုင်ကြရန် စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကုမ္ပဏီဘက်က ဘယ်အချိန်မှာအဆိုပါ feature ကို creator များထံသို့ ထုတ်လွှင့်ပေးသွားမလဲ၊ လက်ရှိမှာ creator ဘယ်နှစ်ဦးခန့်နဲ့ အဆိုပါလုပ်ဆောင်ချက်ကို စမ်းသပ်နေလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ငွေပေးချေမှုပြုလုပ်ရမှာလဲ အစရှိတဲ့အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Zachary Kizer မှ The Verge သို့ ပေးပို့ခဲ့တဲ့ e-mail တစ်စောင်မှာတော့ subscription ပြုလုပ်ခြင်းဟာ “လက်ရှိမှာစမ်းသပ်လျှက်ရှိနေတဲ့ concept တစ်ခုဖြစ်တယ်” လို့ ဆိုထားခဲ့ပြီး “၎င်းတို့ဟာ ၎င်းတို့ရဲ့ community အတွက် အကျိုးရှိစေမယ့်ကိစ္စရပ်များနှင့် TikTok ကိုအသုံးပြုရတဲ့ အတွေ့အကြုံ ပိုမိုကောင်းမွန်လာစေဖို့အတွက် အမြဲတမ်းကြံဆလျှက်ရှိနေပါတယ်” ဟူ၍ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။