TikTok is making a new partnership for “TikTok Radio”

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.6.2021 | “TikTok Radio” အတွက် TikTok မှ လုပ်ငန်းလက်တွဲဖော်အသစ်များနှင့် လက်တွဲမှုများပြုလုပ်ခဲ့ 

TikTok ဟာ SiriusXM နှင့် Pandora တို့နှင့် တွဲဖက်လုပ်ဆောင်၍ “TikTok Radio” ကို ဖန်တီးမှုအား ကြီးကြပ်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒီအရာက Digital Radio Station အသစ်တစ်ခုဖြစ်ပြီး Platform Engagement အပေါ်မူတည်၍ ရေပန်းစားလျှက်ရှိနေသော တေးသီချင်းများကို ပြသသွားမှာဖြစ်သည့်အပြင် ယခုနှစ်နွေရာသီတစ်လျှောက်လုံး အမေရိကတွင် TikTok influencer များနှင့်တွဲဖက်၍ပြုလုပ်ထားသည့် Playlist များနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တင်ဆက်သွားမှာဖြစ်ပါတယ်။ 

TikTok မှ ရှင်းလင်းဖော်ပြချက်တစ်ခုအရ - “TikTok experience နှင့် အသံအားဖြင့် ချိတ်ဆက်ထားမှာဖြစ်ပြီး ဒီ Channel ဟာ TikTok platform ရဲ့ For You page ကို Radio ပုံစံဖြင့် တင်ဆက်သွားမှာဖြစ်ပါတယ်။ TikTok Radio Channel တွင် များစွာသော TikTok video ဖန်တီးသူများမှ ရေပန်းစားလျှက်ရှိနေသော တေးသီချင်းများနှင့် ပုံပြင်များ/ အကြောင်းအရာများကို နောက်ခံတေးသီချင်းများဖြင့် နေ့စဉ်တင်ဆက်သွားမှာဖြစ်သလို TikTok ရဲ့ top trending track များအတွက် သီးသန့် weekly music countdown ကိုလည်း ထားရှိသွားမှာဖြစ်ပါတယ်။” 

အဆိုပါ TikTok Radio လုပ်ငန်းအစပျိုးချက်ဟာ အကျိုးအကြောင်းဆီလျှော်တဲ့ Partnership လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး တေးသီချင်းများကိုနှစ်သက်သူများနှင့် သူတို့ရဲ့ app အကြားရှိ ဆက်နွယ်မှုကို ပိုမိုခိုင်မာလာစေမှာဖြစ်သလို ကုန်ပစ္စည်း brand များအနေနဲ့လည်း သူတို့ရဲ့ကုန်ပစ္စည်းများအား ကြော်ငြာခြင်းကို TikTok app အတွင်းသို့ ယူဆောင်လာကြစေနိုင်မယ့်လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။