TikTok improved its privacy controls for teenagers 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.8.2021 | ဆယ်ကျော်သက်လူငယ်များအတွက် ကိုယ်ရေးအချက်အလက်ထိန်းချုပ်မှုစနစ်များ ပိုမိုကောင်းမွန်လာစေရန် TikTok မှ ပြုလုပ်ပေးခဲ့ 

တရုတ်နိုင်ငံအခြေစိုက် short video-sharing app တစ်ခုဖြစ်တဲ့ TikTok မှ ပိုမို၍လုံခြုံမှုရှိစေမယ့် ကိုယ်ရေးအချက်အလက်ထိန်းချုပ်မှုစနစ်များကို ဆယ်ကျော်သက်များအတွက်ထုတ်လွှင့်ပေးလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

အသက် ၁၆ နှစ်အောက် အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ video များကို ဘယ်သူတွေကကြည့်ရှုနိုင်မလဲဆိုတာကို ရွှေးချယ်ပေးဖို့တောင်းဆိုမယ့် pop-up တစ်ခုကို Post တင်ခြင်းမပြုလုပ်မှီတွင် တွေ့မြင်လာရမှာဖြစ်ပြီး အဆိုပါပြောင်းလဲမှုကို ကမ္ဘာတစ်ဝှမ်းရှိ အသက် ၁၃ နှစ်မှ ၁၇ နှစ်အကြား အသုံးပြုသူများအနေနဲ့ မကြာမှီလများအတွင်း စတင်၍ တွေ့မြင်လာရတော့မှာဖြစ်ပါတယ်။ 

“တေးသီချင်းများကိုရွေးချယ်ခြင်း၊ effect များကို ရွေးချယ်ခြင်းနဲ့ ပြောင်းလဲမှုများအကြား ချောမွေ့မှုများရှိစေရန်ပြုလုပ်ရခြင်းကြောင့် TikTok ဗီဒီယိုတစ်ခုကို ဖန်တီးပြုလုပ်ရခြင်းဟာ ပျော်ဖို့ကောင်းပြီး တီထွင်ဆန်းသစ်မှုစွမ်းရည်ကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီ ဗီဒီယိုများကို ဘယ်သူတွေကိုပြသဖို့စဉ်းစားထားသလဲဆိုတာကို ရွေးချယ်ဖို့ဟာလည်း အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်” ဟူ၍ TikTok ရဲ့ Child Safety နှင့် Public Policy ဆိုင်ရာအကြီးအကဲဖြစ်သူ Alexandra Evans နှင့် Global Head of Privacy ဖြစ်သူ Aruna Sharma တို့က blogpost တစ်ခုတွင် ပြောဆိုခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။