TikTok got called for a lawsuit for tracking underage users

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.1.2021 | အသက်မပြည့်သေးသောအသုံးပြုသူများရဲ့ ဒေတာအချက်အလက်များကို စောင့်ကြည့်မှုများပြုလုပ်ခဲ့တဲ့အတွက် TikTok ဟာ တရားစွဲဆိုခြင်းခံခဲ့ရ

အသက်မပြည့်သေးသောအသုံးပြုသူများရဲ့ ဒေတာအချက်အလက်များကို စောင့်ကြည့်မှုများပြုလုပ်ခဲ့တဲ့အတွက် TikTok ဟာ တရားစွဲဆိုမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အမေရိကန်နိုင်ငံအတွင်း အသုံးပြုခံရခြင်းကိုတားမြစ်ခံရခြင်းမှ ရှောင်ရှားနိုင်ခဲ့သော်လည်း စောင့်ကြည့်မှုများကို ခံနေရဆဲဖြစ်တဲ့ TikTok အပေါ် ပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်နိုင်မလားဆိုတာကို စဉ်းစားစရာဖြစ်လို့လာပြီပဲဖြစ်ပါတယ်။ 

လန်ဒန်မြို့ရှိ အမည်မဖော်လိုသူ ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးက TikTok နဲ့ ထိုအရင်ကထွက်ရှိခဲ့တဲ့ Musical.ly တို့အပေါ်တာဝန်ရှိတဲ့ ကုမ္ပဏီ ၆ ခုခန့်ကို “တစ်ကိုယ်ရည်အချက်အလက်များကို ထိန်းချုပ်နိုင်ခွင့်ဆုံးရှုံးရခြင်း” ကြောင့် တရားစွဲဆိုရန်အတွက် စီစဉ်လျှက်ရှိနေသည်ဟူ၍ ဒီဇင်ဘာလ၊ ၃၀ ရက်နေ့က လန်ဒန်မြို့တရားလွှတ်တော်ထုတ်ပြန်ချက် တစ်ရပ်အရ သိရှိခဲ့ရပါတယ်။ အဆိုပါစွဲဆိုချက်တွင် “ဖော်ပြပါကုမ္ပဏီများဟာ တရားလိုရဲ့ ကိုယ်ရေးအချက်အလက်များကို မလျှော်ကန်သောအသုံးချမှုများပြုလုပ်ခဲ့ပြီး  ကိုယ်ရေးအချက်အလက်များကို ရယူခြင်းပြုလုပ်ခဲ့တဲ့အတွက်” ဥရောပနဲ့ UK တို့ရဲ့ ဒေတာကာကွယ်ရေးဥပဒေကို ချိုးဖောက်လျှက်ရှိနေတယ်ဟူ၍ ဆိုထားခဲ့ပါတယ်။ 

TikTok ရဲ့ ကလေးသူငယ်ကာကွယ်ရေးပေါ်လစီများဟာ အားနည်းလျှက်ရှိနေဆဲဖြစ်ပြီး လေ့လာမှုများမှ တွေ့ရှိချက်အရ အမေရိကန်နိုင်ငံအတွင်း TikTok ကို နေ့စဉ်အသုံးပြုနေသူများအနက်မှ ၃၀% ကျော်ကျော်ခန့်ဟာ အသက် ၁၄ နှစ်အောက် ကလေးငယ်များ ဖြစ်နေကြောင်းကို သိရှိခဲ့ရပါတယ်။ TikTok အနေနဲ့ အသက် ၁၃ နှစ်နှင့်အထက် အသုံးပြုသူများကိုသာ သူတို့ရဲ့ feature များအားလုံးသို့ ဝင်ရောက်ခွင့်ပေးထားပါသော်လည်း ပိုမိုများပြားတဲ့ ငယ်ရွယ်သူ မိန်းကလေးငယ်များဟာ like များပို၍ရနိုင်ရန် လုပ်နိုင်သမျှအရာတိုင်းကိုပြုလုပ်နေကြတဲ့အတွက် ဒီအရာကိုထပ်မံ၍ ကြပ်မတ်ဖို့ လိုအပ်နေဆဲပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။