TikTok faces an investigation into its impact on young people’s mental health

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.3.2022 | TikTok ရဲ့ ငယ်ရွယ်သော လူငယ်များရဲ့စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ခြေကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားရန်ရှိနေ 

California, Florida, Kentucky နှင့် အခြားသောပြည်နယ်များရှိ တရားသူကြီးချုပ်များနှင့် ဖွဲ့စည်းထားသောအဖွဲ့တစ်ခုဟာ TikTok ရဲ့ ငယ်ရွယ်သောလူငယ်များရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ခြေကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။ 

၎င်းတို့ဟာ TikTok ရဲ့ design များ၊ operate ပြုလုပ်ပုံများနှင့် ၎င်းတို့ရဲ့ platform ကို ဈေးကွက်မြှင့်တင်မှုများပြုလုပ်ပုံများဟာ ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်များရဲ့ ကျန်းမာရေးအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိလာနိုင်မလဲဆိုသည်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမှာဖြစ်တယ်လို့ Massachusetts ပြည်နယ် တရားသူကြီးချုပ် Maura Healey မှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။ 

လက်ရှိအခြေအနေတွင် Meta, Snapchat နှင့် အခြားသော social media ကုမ္ပဏီများဟာလည်း လုပ်ဆောင်ချက်အသစ်များအတွက် ဒီဇိုင်းရေးဆွဲရာတွင် (သို့မဟုတ်) ၎င်းတို့ app များရဲ့ အနာဂါတ်အတွက် ဆွေးနွေးတိုင်ပင်မှုများကို ပြုလုပ်ရာတွင် TikTok ကို နမူနာပြုနေရတာဖြစ်တာကြောင့် အဆိုပါစုံစမ်းစစ်ဆေးမှုဟာ TikTok အပြင် အခြားသော social media များအပေါ်သို့လည်း အကျိုးသက်ရောက်မှုများရှိလာနိုင်ခြေရှိနေပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။