TikTok Announced the Removal of Over 7 Million Underage Accounts from Its Platform

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.7.2021 | သူတို့ရဲ့ Platform ပေါ်ရှိ အသက်မပြည့်သေးသူများအသုံးပြုလျှက်ရှိနေတဲ့ အကောင့်ပေါင်း ၇ သန်းကျော်ခန့်ကို ဖယ်ရှားခဲ့ကြောင်း TikTok မှ ကြေငြာချက်ထုတ်ပြန်

ငယ်ရွယ်သူများအကြားတွင် ရေပန်းစားလျှက်ရှိနေသော short-video social-media platform တစ်ခုဖြစ်တဲ့ TikTok ဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်များမှ ဖွင့်လှစ်ထားတဲ့ အကောင့်ပေါင်း ၇ သန်းကျော်ခန့်ကို ယခုနှစ်ရဲ့ ပထမ ၃ လတာကာလအတွင်း ဖယ်ရှားခဲ့ကြောင်းကြေငြာခဲ့ပါတယ်။ ဒါဟာ TikTok အနေနဲ့ သူတို့ရဲ့ app ကို အသုံးပြုနေသော user များမှာရှိသင့်တဲ့ အသက်အရွယ်အပိုင်းအခြားကို သိသိသာသာကို စည်းကမ်းတင်းကြပ်လိုက်တဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ 

TikTok ဟာ application ရဲ့ အသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လျှက်ရှိနေတဲ့ အကောင့်ပေါင်း ၁၁.၁ သန်းခန့်ကို ဖယ်ရှားခဲ့ပြီး ထိုအထဲကမှ ၇.၂၆ သန်းဟာ သူတို့ရဲ့ application ကို အသုံးပြုဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်အပိုင်းအခြားသို့ မရောက်သေးတဲ့ ကလေးငယ်များဖြစ်နေကြောင်းကို ပထမဦးဆုံးအကြိမ်အနေနဲ့ ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေငြာပေးခဲ့ပါတယ်။ 

အမေရိကတွင် အင်တာနက် site များဟာ အသက် ၁၃နှစ်အောက် ကလေးငယ်များရဲ့ အချက်အလက်များကို ရယူခြင်းမပြုမှီတွင် “ကလေးသူငယ် Online Privacy ကာကွယ်ရေး အက်ဥပဒေအရ” မိဘများရဲ့ ခွင့်ပြုချက်ကို ဦးစွာ ရယူဖို့လိုအပ်ပါတယ်။ သို့သော် ကလေးငယ်များဟာ သူတို့ရဲ့အသက်ကိုလိမ်လည်၍ Instagram မှ YouTube အထိ များစွာသော social media site များတွင် အကောင့်များကိုဖွင့်လှစ်၍ အသုံးပြုလျှက်ရှိနေကြပါတယ်။ TikTok ရဲ့ အဆိုပါလုပ်ဆောင်ချက်ဟာ အသက်မပြည့်သေးတဲ့ ကလေးများအနေနဲ့ အသက်လိမ်လည်၍ TikTok အကောင့်များဖွင့်လှစ်နေခြင်းကို တားဆီးပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပဲဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။