Three Biggest Social Networks Will Join their forces to take down COVID-19 misinformation

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.11.2020 | လူမှုကွန်ယက်မီဒီယာကြီး ၃ ခု ပေါင်းစည်း၍ COVID-19 သတင်းမှားများကို တိုက်ထုတ်ရန် စီစဉ်လျှက်ရှိ 

BBC News မှ သတင်းများအရ - အကြီးမားဆုံးလူမှုကွန်ယက်မီဒီယာ ၃ ခုဟာ အချက်အလက်စစ်ဆေးသူများ၊ အစိုးရအဖွဲ့များ၊ သုသေသီများနှင့် လက်တွဲကာ သတင်းအမှာများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် စီစဉ်လျှက်ရှိနေတယ်လို့ သိရှိရပါတယ်။ 

ရောဂါကာကွယ်ဆေးများအကြောင်း သတင်းအမှားများဟာ Facebook, Twitter နဲ့ YouTube တို့တွင် ပြန့်နှံ့လျှက်ရှိနေပြီး လူမှုကွန်ယက်မီဒီယာများရဲ့ လုပ်ကိုင်ပုံထိရောက်မှု ရှိ၊ မရှိကို မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် နိုင်ငံများတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို လေလံစနစ်ဖြင့် ထုတ်လုပ်ပြီး ကပ်ရောဂါကာလအားပြီးဆုံးသွားစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါတယ်။ 

ယခုအခါတွင် စတင်ဆောင်ရွက်တော့မည့် အဆိုပါလုပ်ဆောင်ချက်ဟာ သတင်းအမှားများကို တိုက်ထုတ်ရာတွင် မည်မျှအထိကောင်းမွန်မှုရှိလာစေမလဲဆိုတာကို သေချာတိကျစွာ ပြောဆိုနိုင်ခြင်းမရှိသေးသော်လည်း Fact-checking charity Full Fact ကတော့ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါလုပ်ဆောင်ချက်တွင် Facebook, Google မှ ပိုင်ဆိုင်ထားသော YouTube, Twitter တို့နှင့်အတူ UK ရဲ့ Digital, ယဉ်ကျေးမှုအစဉ်အလာ၊ သတင်းမီဒီယာနှင့် အားကစားရေးရာ ဝန်ကြီးဌာန၊ The Reuters Institute for the Study of Journalism၊ Africa Check၊ ကနေဒါရဲ့ Privacy Council Office နှင့် အခြားသော အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက်စစ်ဆေးရေး အဖွဲ့အစည်းများဟာလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ 

Facebook ထံမှ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုနှင့်အတူ ကနဦးအခြေခံအုတ်မြစ်ကို လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်၍ချမှတ်သွားမှာဖြစ်ပြီး သတင်းအမှားများအားကိုင်တွယ်ဖြေရှင်းနိုင်စေရေးအတွက် စံနှုန်းအသစ်များကို ချမှတ်ခြင်းအပြင် အဆိုပါသတင်းအမှားများကို ပြန်လည်တုန့်ပြန်နိုင်မည့် အကောင်းဆုံး နည်းလမ်းများ၊ ရည်မှန်းချက်များကိုလည်း ချမှတ်သွားဖို့ရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။