There will be no optical audio ports in PS5

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.9.2020 | PS5 တွင် optical audio port ပါဝင်လာမည်မဟုတ်

The Verge သတင်းစာရဲ့ သတင်းများအရ Sony ရဲ့နောက်မျိုးဆက်သစ် console (PS5) တွင် optical audio port ပါဝင်လာမှာမဟုတ်တော့ပါဘူး။ ယခင် PS4 slim တွင်လည်း optical audio port ဟာ ပါဝင်လာခြင်းမရှိခဲ့ တဲ့အတွက် ဒါဟာ အံ့အားသင့်စရာတော့မဟုတ်ပါဘူး။ 

ယခင် Astro Headset အဟောင်းများအနေနဲ့ PS5 တွင် အလုပ်လုပ်နိုင်မှာလားဆိုတာကိုမေးမြန်းခဲ့ရာမှာတော့ Headphone အဟောင်းများရှိနေသေးတဲ့ ဂိမ်းကစားသူများ အဆင်ပြေစေရန်အတွက် Sony က HDMI-to-optical audio splitter ကိုလည်းထုတ်လုပ်ပေးသွားမှာဖြစ်ပြီး Headset အဟောင်းများကို PS5 နဲ့ နောက်ထပ် hardware တစ်ခုခုအကူအညီမလိုပဲ ချိတ်ဆက်နိုင်မှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ 

ဒီ Splitter ဟာ 40$ ခန့် ကျသင့်မှာဖြစ်သော်လည်း အသုံးပြုသူများထံတွင်ရှိနေတဲ့ Astro Headphone များရဲ့ serial code ကို ကုမ္ပဏီရဲ့ website ပေါ်တွင် ထည့်သွင်းပေးလိုက်မယ်ဆိုရင်တော့ 15$ discount ကို ရရှိခံစား နိုင်မှာဖြစ်ပါတယ်။ Optical audio port များဟာ Sony Playstation 2 စတင်ထုတ်လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကတည်းကပါဝင်လာခဲ့တာဖြစ်တဲ့အတွက် ထိုသို့ audio port ကို ဖြုတ်ချလိုက်မယ့်ဆုံးဖြတ်ချက်ဟာ အချို့ သူတွေကို စိတ်ပျက်စေမှာဖြစ်သော်လည်း ဒါက Sony အနေနဲ့ ရှေ့သို့ဆက်ပြီးတီထွင်မှုတွေပြုလုပ်နေတာကိုလဲ ပြသနေပါတော့တယ်။ 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။