The Witcher 3 Steam Deck Version Showcased by CD Projekt RED

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.11.2021 | CD Projekt RED မှ The Witcher 3 ရဲ့ Steam Deck Version ကို ပြသခဲ့

The Witcher 3 game ရဲ့ developer ဖြစ်တဲ့ CD Projekt RED မှ ၎င်းတို့ရဲ့ အရောင်းရဆုံးစာရင်းဝင် The Witcher 3 game အား Valve ရဲ့ Steam Deck ပေါ်တွင် ဆော့ကစားနေသည့် video တစ်ပုဒ်ကို Twitter မှတဆင့် လူအများသိစေရန်အတွက် ဖြန့်ဝေပေးခဲ့ပါတယ်။

စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်တစ်ခုကတော့ CD Projekt RED ရဲ့ ပြောကြားချက်အရ ဒီ version ဟာ လက်ရှိ နောက်ဆုံးပေါ် The Witcher 3 version ဖြစ်ပြီး PC version အတွက် ယခုနှစ်ကုန်ပိုင်းခန့်တွင် update ထုတ်လွှင့်ပေးရန် ရည်ရွယ်ထားသည့် game version ဖြစ်ကာ ပိုမိုကောင်းမွန်တဲ့ ray tracing effect များ၊ တိုတောင်းသော loading time များနဲ့ အခြားသော နယ်ပယ်များတွင်လည်း ပိုမိုတိုးတက်ကောင်းမွန်မှုရှိစေရန် လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

Valve ရဲ့ Steam Deck ဟာလည်း ray tracing နည်းပညာ (နဲ့တကွ နောက်ထပ် DirectX 12 Ultimate နည်းပညာတစ်ခုဖြစ်တဲ့ variable rate shading နည်းပညာ) ကို AMD RDNA2 ကို အခြေခံထားတဲ့ GPU အားထည့်သွင်းအသုံးပြုထားတဲ့အတွက် support ပြုလုပ်ပေးနိုင်စွမ်းရှိမှာဖြစ်တယ်လို့ သိရှိရပြီး ယခုနှစ် ဒီဇင်ဘာလအတွင်းတွင် Steam Deck ကို စတင်ဖြန့်ချီသွားဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။