The web is growing with mobile, email apps are collecting data, and ad blocking is on the rise

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.3.2020 | ဖုန်းများနဲ့အတူ web များဟာ တိုးတက်လာနေပါတယ်၊ email app များဟာ အချက်အလက်များကို စုဆောင်းမှု ပြုလုပ်နေပါတယ်၊ ad များကို ပိတ်ဆို့မှုလုပ်ဆောင်ချက်ဟာ မြင့်တက်လာနေပါတယ်။

Equifax ဟာ တရုတ်မှ hack လုပ်ခြင်းခံခဲ့ရပါတယ်၊ YouTube ဟာ ကြီးစိုးမှုရှိလာပါတယ်။ RIP Essential ဖုန်း ဟာ ထွက်ရှိလာခဲ့ပြီး Teleco ကတော့ သတင်းအမှားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ OfO စက်ဘီးအဌားကုမ္ပဏီ ဟာ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး Spotify  ဟာ podcast များကို ဖျက်ဆီးလျက်ရှိနေပါတယ်။ 

သင့်ရဲ့ e-mail application တစ်ခုဟာ သင့်ရဲ့ e-mail တွေကို တစ်စုံတစ်ယောက်ဆီသို့လည်း ရောင်းချနေပါ သလား? သင်ဟာ လူသုံးများတဲ့ Edison app ကိုအသုံးပြုနေပါသလား? ထိုသို့မပြုလုပ်ရန် သင့်စိတ်ကိုပြောင်း လဲသင့်ပါတယ်။ 

Rakuten ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Cleanfox ဟာ သင့်ရဲ့ e-mail များကိုရှင်းလင်းပေးနိုင်တယ်လို့ ကတိပေး ပြောကြားခဲ့ပါတယ်။ ဒီအရာတစ်ခုလုံးဟာ လက်ရှိအထိ Avast မှလုပ်ဆောင်နေတဲ့အရာကဲ့သို့ပင် ကြီးမားပြီး အရေးပါတဲ့အရာတစ်ခုဟုထင်မြင်ရပါတယ်။ ဒီလုပ်ဆောင်ချက်များဟာ တူညီစွာပါဝင်မှုရှိနေ ပါတယ်။ 

ကျွန်ုပ်တို့ဟာ ကလေးငယ်များကို စမတ်ဖုန်းများပေးကိုင်နေကြပါတယ်။ ဒီအရာက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဘဝတွေကိုထိခိုက်ဆုံးရှုံးစေပါသလား? ကလေးများနဲ့လူငယ်များဟာ သူတို့ရဲ့စိတ်ခံစားမှုများကိုခွဲခြမ်းစိတ်ဖြာပြီး သူတို့ရဲ့ ဦးနှောက်များကို တည်ငြိမ်မှုရှိစေရန်အတွက် တစ်ဦးတည်းနေထိုင်ဖို့အချိန်ကို အခြားသူများထက်ပိုမိုပြီး လိုအပ်ကြပါတယ်။ ကလေးများကို စမတ်ဖုန်းများပေးထားခြင်းအပေါ် ထိုအရာများက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဘဝတွေကိုထိခိုက်ဆုံးဆုံးစေပါသလားဆိုတာနဲ့ပက်သတ်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ များစွာသောထည့်သွင်း စဉ်းစားမှုတွေနဲ့ အတွေးအမြင်များကို တွေ့မြင်နိုင်ပါတယ်။ 

Clearview AI ရဲ့ သူဌေးက သူအနေနဲ့ အခြားသူများရဲ့မျက်နှာပါဝင်တဲ့ဓါတ်ပုံများကို အသုံးပြုရန်အတွက် ခွင့်ပြု ချက်မလိုအပ်ဘူးလို့ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကို အကိုးအကားပြုပြီး ထိုကိစ္စရပ်အပေါ် သူ့ရဲ့တစ်မူထူးခြားတဲ့အမြင်ကို ပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။ သူဟာ ဘီလျံနဲ့ချီတဲ့သူများရဲ့ ဓါတ်ပုံကို အင်တာနက်မှတဆင့် စုဆောင်းရယူနိုင်ပြီး လူရှာဖွေမှုပြုလုပ်သည့် ဝန်ဆောင်မှုအနေနဲ့ ရောင်းချနိုင် တယ်လို့ပြောကြားခဲ့ပါတယ်။ ဖတ်ရှုရန် - Facial recognition ကုမ္ပဏီရဲ့ CEO က သင်တို့ရဲ့မျက်နှာကို အသုံးပြု ဖို့ သင်တို့ထံမှ ခွင့်ပြုချက်တောင်းခံစရာမလိုဘူးဟူ၍ ပြောကြားခဲ့ပါတယ်။ Instagram မှ ဓါတ်ပုံ ရာပေါင်း၊ ထောင်ပေါင်းများစွာကို download ပြုလုပ်ပြီး အခမဲ့ရရှိနိုင်တဲ့ ဆော့ဝဲလ်ကိုသုံးစွဲလိုက်ရုံနဲ့ သင့်ကိုယ်ပိုင် Clearview AI ကို ရရှိနိုင်ပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ သင့်အနေနဲ့ ဓါတ်ပုံများဒေါင်းလုတ်ပြုလုပ်ရန် ဘယ်အရာကမှတားဆီးထားခြင်းမရှိပါဘူး (ဒီစမ်းသပ်ချက်တွင် conference hashtag ကိုအသုံးပြုထားပါ တယ်) ၎င်းကို တဖြည်းဖြည်းလုပ်ဆောင်ပြီး IP address များကို ပြောင်းလဲအသုံးပြုပေးပါ။ ထို့နောက်တွင်တော့ သင့်ကိုယ်ပိုင် AI (Python ဆော့ဝဲလ်ပေါ်ရှိ face recognition) ကိုသင်ကြားလို့ပြီးပြီဖြစ်ပြီး သင်ဟာ ထိုအရာ ကို ရှာဖွေရန်အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Equifax ကို hack ပြုလုပ်ခြင်းဟာ တရုတ်နိုင်ငံအတွက်အလုပ်လုပ်ပေးနေတဲ့ တရုတ်ဟက်ကာများရဲ့လက်ချက် ဖြစ်ပါတယ်။ အမေရိကန် တရားရေးရာဌာနက ထိုအရာကိုရှင်းရှင်းလင်းလင်းသိရှိထားတဲ့အတွက် တရုတ်စစ် တပ်က လူ ၄ဦးကို တိတိကျကျစွဲချက်တင်ထားပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ Apache Struts က တွေ့ရှိခဲ့တဲ့ အားနည်းချက်များကိုမပြင်ရသေးတဲ့အရာများတွင် အောင်မြင်ခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကိုယ်ရေး အချက်အလက် ခိုးယူပေါက်ကြားမှုတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ လူပေါင်း သန်း ၁၅၀ ရဲ့ကိုယ်ရေးအချက် အလက်များ၊ ငွေပေးခြေမှုကတ်ပေါင်း ၂၀၀,၀၀၀ ရဲ့အချက်အလက်များ ပါသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် Hacker များက သူတို့ရဲ့ ကြိုတင်ပြင်ဆင်မှုမရှိခြင်းကိုလဲထောက်ပြသွားခဲ့ပါတယ်။ 

(Unicode)








သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။