The new update for iOS has come out

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.9.2020 | iOS အတွက် update အသစ်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ

Apple ရဲ့ iOS 13.7 update ဟာ ထွက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီအရာဟာ iOS အသုံးပြုသူများအတွက် အရေးကြီးတဲ့ update တစ်ခုဖြစ်ပါတယ်။ မေးခွန်းကတော့ - ဒီ update က ပြင်ဆင်ပေးနိုင်မယ့်အရာတွေထက် ပြဿနာကပိုများနေနိုင်သလား?

iOS 13.7 ဟာ iOS 13 နဲ့ကိုက်ညီတဲ့ device များတွင် update ပြုလုပ်၍ရနိုင်မှာဖြစ်ပြီး ဒီအရာကို iPhone 6S နဲ့ အထက်ဖုန်းများနဲ့ 7th generation iPod touch တို့တွင် update ပြုလုပ်၍ရရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါ update ကို update ပြုလုပ်ဖို့အတွက် အလိုအလျှောက်အကြောင်းကြားပေးတဲ့ notification ကို ရရှိမှာဖြစ်သော်လည်း Settings>General>Software Update ကနေတဆင့်လဲ ကိုယ်တိုင်စစ်ဆေးကြည့်၍ရနိုင်ပါတယ်။

ယခုအချိန်အထိမှာတော့ iOS 13.7 ကို update ပြုလုပ်ခဲ့တဲ့သူများက graphics glitches များ၊ WiFi နဲ့ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုများ၊ Face ID bugs များနဲ့ ဘက်ထရီအားမခံတဲ့ပြဿနာတွေအကြောင်း ကွန်ပလိန်းများတက်ခဲ့ကြတာကိုတွေ့ရှိရသော်လည်း လူအနည်းမျှသာ ထိုသို့ကြုံတွေ့ခဲ့ရပါသေးတယ်။ အကယ်၍ သင်ဟာဖုန်းအပေါ်ဂရုတစိုက်ရှိတဲ့သူတစ်ဦးဆိုရင်တော့ သင့်အနေနဲ့ အဆိုပါ update stable ဖြစ်တဲ့ အထိစောင့်ဆိုင်းပြီးမှ update ပြုလုပ်ဖို့အတွက်ကို ကျွန်ုပ်တို့က အကြံပေးလိုပါတယ်။

အဆိုပါ iOS update အသစ်တွင် ယခင် iOS version အတွက် bug fixes နဲ့ တိုးတက်အောင် ပြင်ဆင်ဆောင်ရွက်မှုများအပြင် ကိုရိုနာဗိုင်းရပ်စ်ကို ကူညီတိုက်ဖျက်နိုင်ရန်အတွက် Exposure Notifications System ဆိုတဲ့လုပ်ဆောင်ချက်အသစ်တစ်ခုလည်း ပါဝင်လာမှာဖြစ်သလို Memoji စတေကာအသစ်များနဲ့ Files app ကနေတဆင့် iCloud Drive Folder Sharing ပြုလုပ်နိုင်ဖို့လုပ်ဆောင်ချက်များလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။