The new iPhone SE will be introduced in mid-April

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.4.2020 | iPhone SE အသစ်ကိုဧပြီလအလယ်တွင်စတင်မိတ်ဆက်မည်

မီဒီယာတွေမှာပြောနေကြတဲ့ တန်ဖိုးနည်း iPhone အသစ် SE 2 သို့မဟုတ် 9 ကိုဧပြီလအလယ်မှာစတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။မီဒီယာတွေကထုတ်ဖော်ပြောကြားပြီး(၁)ပတ်အကြာမှာတန်ဖိုးနည်း iPhone အသစ်ကိုဈေးကွက်တင်ရောင်းချတော့မှာဖြစ်ပါတယ်။

ဒီသတင်းကိုမူလကမတ်လနှောင်းပိုင်းမှာထုတ်ပြန်ဖို့စီစဉ်ထားပေမယ့်ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။မနေ့ကဧပြီလ (၃)ရက်နေ့က Apple ကုမ္ပဏီက ဒီတန်ဖိုးနည်း iPhone အသစ်ကိုစတင်မိတ်ဆက်တော့မယ်လို့ခန့်မှန်းခဲ့ကြပေမယ့်ဖြစ်မလာခဲ့တာကြောင့်ဈေးကွက်အတွင်းဝင်လာဖို့အဖြစ်နိုင်ဆုံးရက်ကတော့လာမယ့်ဧပြီလ (၁၅)ရက်နေ့လောက်ဖြစ်နိုင်ပါတယ်။ နာမည်ကျော်လျို့ဝှက်သတင်းတွေကိုဖွင့်ဟပြောဆိုသူ Jon Prosser ( ဂျွန်ပရိုဆာ) ကတော့ ဒီတန်ဖိုးနည်း iPhone အသစ်ဟာဈေးကွက်ထဲကိုဧပြီလ (၂၂)ရက်နေ့ဝင်လာမယ်လို့ထုတ်ပြန်ပြောဆိုပါတယ်။ ဒါပေမယ့်လည်း
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့်ဒီနေ့ရက်လည်းပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်လို့သူကထောက်ပြပါတယ်။ iPhone SE (2020) ကို ယခုနာမည်အတိုင်းသူ့အလျင်ဈေးကွက်တင်ခဲ့တဲ့ iPhone SE ဖြန့်ချီပြီးနောက်ပိုင်း (၄)နှစ်အကြာမှာဈေးကွက်တင်ရောင်းချတော့မှာဖြစ်ပါတယ်။ iPhone SE (2020) ကိုသင့်တော်တဲ့ဈေးနှုန်းအမေရိကန်ဒေါ်လာ (၅၀၀) နဲ့ဈေးကွက်တင်ဖြန့်ချီမှာဖြစ်ပြီး iPhone ရဲ့အစောပိုင်းကဒီဇိုင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေကိုကျေနပ်နှစ်ခြိုက်စေမှာဖြစ်ပါတယ်။ Apple A13 ရဲ့processor နဲ့ main camera က iPhone 11 နဲ့အတူတူဖြစ်ပြီး အခု iPhone SE ကတော့ iPhone 8 နဲ့ဆင်တူမှာဖြစ်ပါတယ်။ iPhone SE (2020) ကိုအဖြူရောင်၊အနက်ရောင်နဲ့အနီရောင်ကာလာ (၃)မျိုးနဲ့ထုတ်လုပ်ဖြန့်ချီမှာဖြစ်ပြီး 64GB, 128GB သို့မဟုတ် 256 GB အထိရွေးချယ်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။

(Unicode) 


 



 

 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။