Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဒုတိယမြောက် Affordable Model (ဈေးနှုန်းသင့်ဖုန်း) အဖြစ် Apple မှထုတ်လုပ်တဲ့ iPhone SE ကို သောကြာ နေ့က စတင်ရောင်းချခဲ့ပါတယ်။ ဒီဖုန်းအပေါ်မှာ စိတ်ဝင်စားမှုအလွန်မြင့်တက်နေတဲ့အတွက် Pre-order အဆင့် မှာတင် ဖုန်းတွေအားလုံးရောင်းထွက်ခဲ့ပါတယ်။ ဒီ iPhone SE မော်ဒယ်အသစ်ကို စိတ်ဝင်စားသူ တွေအနေနဲ့ တရားဝင်မရောင်းချခင် တစ်ပါတ်အလိုမှာ Pre-order မှာယူလို့ရခဲ့ပါတယ်။ ဧပြီလ ၂၄ ရက်နေ့မှာ Pre-order မှာယူလို့ရခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖုန်းအသစ်ကို ဝယ်ယူဖို့စိတ်ဝင်စားသူအများအပြားရှိနေခဲ့ပါတယ်။ ရောင်းချုသူတွေရဲ့ ပြောပြချက်တွေအရ Pre-sale လုပ်တဲ့နေ့မှာ Order မှာယူချင်ခဲ့တဲ့သူတွေအားလုံးအနေနဲ့ iPhone SE ကို Orderမှာယူလို့ မရခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ Apple ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ယနေ့ Order တင်တဲ့သူတွေအနေနဲ့ မေလ ၆ ရက်မှ ၁၄ ရက်အထိ စောင့်ဆိုင်းရနိုင်တယ် လို့ဆိုပါတယ်။ iPhone 11 မှာတုန်းကတော့ Delivery အတွက်ကြာမြင့်ချိန်က နှစ်ရက် လောက်ဖြစ်ပါတယ်။
အခြား အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်တွေကတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ iPhone SE ရှိနေသေးကြောင်း သို့မဟုတ် အားလုံးရောင်းချပြီးစီးပြီးဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။ Memory ပိုမြင့်ပြီး ပိုဈေးကြီးတဲ့ Versions တွေကတော့ များသောအားဖြင့် ပစ္စည်းလက်ကျန်ရှိနေတတ်ပါသေးတယ်။ Memory 64GB ပါဝင်တဲ့ အမျိုးအစားကတော့ လူစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ အမျိုးအစားဘဲဖြစ်ပါတယ်။
Unicode
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။