The new iPad Air will have a USB-C connector instead of a lightning cable.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.6.2020 | ထွက်ရှိလာမည့် iPad Air အသစ်တွင် Lightning Cable အစား USB-C connector ပါဝင်လာမှာဖြစ်ပါတယ်။ 

ပြီးခဲ့သောမတ်လအတွင်း Apple ဟာ ကာလအတန်ကြာရပ်နားထားပြီးနောက်တွင် iPad Air ပုံစံ အသစ်တစ်ခုကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါတွင် စတုတ္ထမျိုးဆက်ဖြစ်လာမယ့် ထိုပစ္စည်း ဟာ ပုံမှန်ပါနေကျ lightning connector အစား USB-C အားသွင်းပေါက်နဲ့ထွက်ရှိလာမှာဖြစ်ပါ တယ်။ 

ဒေါ်လာ ၆၀၀ခန့်ရှိမယ့် ဒီ iPad Air ဟာ Apple ရဲ့ထုတ်ကုန်များထဲမှ အလယ်အလတ်တန်းစား Tablet တစ်လုံးဖြစ်ပြီး မကြာမှီကာလများအတွင်း ဒီစီးရီးအတွင်းကနောက်ထပ်မော်ဒယ်အသစ် တစ်ခုကို တွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။ 

Mac Otakara ဟုခေါ်တွင်တဲ့ ဂျပန်လူမျိုးသတင်းပေးသူရဲ့အဆိုအရ တရုတ် supplier များက ဒီ စတုတ္ထမျိုးဆက် iPad Air တွင် USB-C connector နဲ့ထွက်ရှိလာလိမ့်မည်ဟု တိုက်ရိုက်အတည်ပြု ပြောကြားခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ 

iPad Air 3 ဟာ iPad Pro 2019 ရဲ့ ဒီဇိုင်းအပေါ်တွင်အခြေခံပြီးထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခု ထုတ်ကုန်အသစ်ဟာလည်း ဒီစီးရီးကိုပဲအခြေခံပြီးထုတ်လုပ်လာနိုင်ခြေရှိနေပါတယ်။ Otakara ရဲ့ ပြောဆိုချက်အရတော့ ဒီ iPad Air 4 ဟာ iPad Pro 11 ကို ပိုမိုပေါ့ပါးတဲ့ပုံစံနဲ့ပြန်လည်ထုတ်လုပ် ထားခြင်းဖြစ်တယ်ဟု ဆိုခဲ့ပါတယ်။ 
 

(Unicode)




 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။