The new handheld console by Ayn runs on Windows and starts at $299

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.6.2022 | Ayn မှ အသစ်ထုတ်လုပ်လိုက်တဲ့ Handheld console အသစ်ကို Windows ဖြင့် operate ပြုလုပ်သွားမှာဖြစ်ပြီး ကန်ဒေါ်လာ ၂၉၉ ဖြင့် စတင်ဝယ်ယူနိုင်မည် 

Odin Android Handheld ကို ထုတ်လုပ်သူ ကုမ္ပဏီဖြစ်တဲ့ Ayn က “ဈေးနှုန်းအသက်သာဆုံး” portable Windows gaming console အဖြစ် တင်စားထားတဲ့ အဆိုပါ game console များကို ထုတ်လုပ်ရောင်းချသွားတော့မှာဖြစ်ပြီး ထိုအထဲက ဈေးနှုန်းအသက်သာဆုံး console ကတော့ ကန်ဒေါ်လာ ၂၉၉ သာ ကျသင့်မှာဖြစ်ပါတယ်။ ဒါဟာ 64GB Steam Deck ထက် ကန်ဒေါ်လာ ၁၀၀ ခန့် ပိုမိုသက်သာတဲ့ ဈေးနှုန်းလည်းဖြစ်ပါတယ်။ 

Ayn က ဒီအကြောင်းကို YouTube ချန်နယ်ပေါ်ရှိ video တစ်ပုဒ်နှင့် Instagram တွင် တင်ခဲ့သော post အချို့မှတဆင့် ကြေငြာမှုပြုလုပ်ခဲ့ပြီး အဆိုပါဂိမ်းစက်ရဲ့ ပုံစံ၊ နည်းပညာ spec များနှင့် ဈေးနှုန်းတို့ကို ဖော်ပြပေးခဲ့ပါတယ်။ 

Entry-level ဖြစ်တဲ့ ကန်ဒေါ်လာ ၂၉၉ တန် Loki Mini ကတော့ 64GB storage နှင့် Intel Alder Lake U ချစ်ပ်ပြားကို အသုံးပြုထားပြီး Standard Loki handheld ကိုတော့ AMD Ryzen 5 6600U ချစ်ပြားနှင့် အတူ Storage ပိုင်းတွင်တော့ 64GB, 256GB နှင့် 512 GB ဟူ၍ ရွေးချယ်ခွင့် ၃ မျိုးပေးထားပြီး ဈေးနှုန်းအရ ကန်ဒေါ်လာ ၄၉၉၊ ၅၉၉၊ နှင့် ၆၉၉ အသီးသီးကျသင့်မှာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၇၉၉ တန် Loki Max ကိုတော့ ပိုမိုကောင်းမွန်တဲ့ AMD Ryzen 7 6800U ချစ်ပ်ပြားနှင့် 512GB storage ကို ထည့်သွင်းအသုံးပြုပေးထားတယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။