The future of Cross-Border Money Transactions

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.8.2020 | နယ်ခြားအကန့်အသတ်မရှိပဲ ငွေကြေးပေးပို့မှုပြုခြင်း၏ အနာဂါတ်

နယ်စည်းမခြား ဘဏ္ဍာငွေလွှဲပြောင်းမှုများပြုလုပ်နိုင်ရန်အတွက်မှာ လူတစ်ဦးတစ်ယောက်အဖို့သော်၎င်း၊ ကုမ္ပဏီကြီးများအဖို့သော်၎င်း ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ သူတို့အနေနဲ့ အခြားသောနိုင်ငံများတွင်နေထိုင်နေတဲ့ ငွေကြေးလက်ခံမည့်သူများထံသို့ ပေးပို့ရန်အတွက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းနဲ့ ငွေကြေးပေးပို့မှုအတွက် မြင့်မားသောကုန်ကျစားရိတ်များကိုပေးဆောင်နေရလျှက်ရှိနေပါတယ်။ အနာဂါတ်တွင်တော့ ထိုပြဿနာများဟာရှိလာတော့မှာမဟုတ်ပါဘူး။ 

ဟောင်ကောင်တွင်အခြေခံထားတဲ့ EMQ လို့ခေါ်တဲ့ စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုဟာဆိုရင် ထိုအရာနဲ့ပက်သတ်ပြီး ကြိုးပမ်းဆောင်ရွက်လျှက်ရှိကာ သူတို့ရဲ့နည်းပညာများတွင် အွန်လိုင်းဘဏ်များ၊ ဒီဂျစ်တယ် wallet များ၊ electronic စီးပွားရေးနှင့် ကုန်သည်များကိုအခြေချနိုင်ရန်ကူညီပေးသူများနှင့် လိုင်စင်ရဘဏ္ဍာရေးအဖွဲ့အစည်း များကိုပါ သူတို့ရဲ့ လက်ရှိကွန်ယက်များတွင်ထည့်သွင်းထားနိုင်ပြီး ထို့ကြောင့် ၎င်းတို့အနေနဲ့ အခြားသောနိုင်ငံ များသို့ ငွေကြေးပေးပို့ရာတွင် ပိုမိုလွယ်ကူလာစေမှာပဲဖြစ်ပါတယ်။ 

EMQ ဟာ ေဟာင်ကောင်၊ စင်္ကာပူ၊ အင်ဒိုနီးရှားတို့တွင် လိုင်စင်ရရှိပြီးပြီဖြစ်ကာ ကနေဒါတွင်လည်း ငွေကြေးဝန် ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ မှတ်ပုံတင်ထားပြီးပြီဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်သူ Max Liu ကတော့ EMQ ဟာ သူတို့ရဲ့ operation များကို (အထူးသဖြင့် စီးပွားရေးလုပ်ငန်းများရဲ့ ငွေကြေးလွှဲပြောင်းပေးပို့မှုများအတွက်ကို) တရုတ်ပြည်တွင် စတင်တိုးချဲ့သွားမှာဖြစ်ပြီး ထို့နောက် အိန္ဒိယနှင့် ဂျပန်တို့တွင် ဆက်လက်တိုးချဲ့သွားမှာဖြစ်တယ်ဟု TechCrunch သို့ပြောဆိုခဲ့ပါတယ်။ ယခုအခါတွင် နိုင်ငံပေါင်း ၈၀ တွင် EMQ ၏ နည်းပညာကို အသုံးပြုလျှက်ရှိနေပြီဖြစ်ပါတယ်။ 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။