The folding iPhone should be introduced next year

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.7.2020 | Folding iPhone ဟာနောင်လာမည့်နှစ်တွင် စတင်မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။

Folding phone များဟာ တဖြည်းဖြည်းဈေးကွက်အတွင်းနေရာယူလျက်ရှိနေပြီး Samsung, Huawei, နှင့် Motorola တို့ဟာ သူတို့ရဲ့ဒီဇိုင်းမော်ဒယ်များကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန် တော်တို့ဟာ မကြာမှီတွင် Flexible iPhone ကိုလည်းတွေ့မြင်လာနိုင်ခြေရှိနေပါတယ်။ 

Apple ဟာ သူတို့ရဲ့ ပထမဆုံး folding iPhone ကိုထုတ်လုပ်ဖို့စောင့်ဆိုင်းလျက်ရှိနေပါတယ်။ စာရင်းပေးသွင်းထားတဲ့သူများရဲ့အဆိုအရတော့ ဒီအရာကို Apple ဟာကြိုးစားလုပ်ဆောင်နေခဲ့ သည်မှာအရင်ကတည်းကဖြစ်ပါတယ်။ လူသိများတဲ့ သတင်းအချက်အလက်ဖြန့်ဝေသူတစ်ဦးဖြစ် တဲ့ Jon Prosser ဟာ ယခုအခါတွင် ဒီတီထွင်မှုအသစ်ဟာ ဈေးကွက်အတွင်းတွင် မကြာမှီထွက်ရှိ လာတော့မှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ နောက်ပြီး Apple ဟာ သူတို့ရဲ့ flexible smartphone တွင် folding ပြုလုပ်ခြင်းဟာ display ရဲ့ ကောင်းမွန်မှုကို အနှောင့်အယှက်မဖြစ်စေ ရန်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်တယ်ဟူ၍လည်းဆိုပါတယ်။ 

ယခင်က Samsung မှထုတ်လုပ်ခဲ့သောဖုန်းတွင် ထိုကဲ့သို့သောပြဿနာတစ်ရပ်နဲ့တွေ့ကြုံခဲ့ရပြီး ဒီ အရာကြောင့် ပထမဆုံးထွက်ရှိလာမည့် Galaxy Fold ကိုရောင်းချမှုအား ရက်ရွှေ့လိုက်ရပါတယ်။ ဒါ ဟာ ဒီအမေရိကန်ကုမ္ပဏီကြီးက ရှောင်လွှဲချင်တဲ့အရာပဲဖြစ်ပါတယ်။ 

Folding iPhone များစောစီးစွာရောက်ရှိလာနိုင်ခြင်းကို Alfred University ရှိ ပရော်ဖက်ဆာတစ်ဦး ဖြစ်သူ William LaCourse ကလည်းအတည်ပြုခဲ့ပါတယ်။ သူကတော့ဒီအရာဟာဈေးကွက်အတွင်း နောက်ထပ် ၁၂လမှ ၁၈လအတွင်း ရောက်ရှိလာလိမ့်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ 

သူတို့ရဲ့ ခံနိုင်ရည်ရှိတဲ့ Gorilla Glass ကြောင့်ကျော်ကြားလာခဲ့တဲ့ Corning ဟာလည်း Flexible device တွေအတွက် ဖန်သားပြင်များကို စတင်ထုတ်လုပ်လျှက်ရှိပြီး ဒါမှသာ Apple ဟာ သူတို့ လိုအပ်တဲ့အစိတ်အပိုင်းများကို နောက်နှစ်အတွင်းရရှိနိုင်မှာပဲဖြစ်ပါတော့တယ်။ 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။