The European Medicines Agency (EMA) announced being hit with a Cyber-attack

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.12.2020 | ဥရောပနိုင်ငံများဆိုင်ရာ ဆေးဝါးအေဂျင်စီ (EMA) ဟာ Cyber တိုက်ခိုက်မှုတစ်ခုကို ခံခဲ့ရကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့

Pfizer နဲ့ အတူတကွလက်တွဲကာ COVID19 ကာကွယ်ဆေးထုတ်လုပ်မှုများ ပြုလုပ်လျှက်ရှိတဲ့ BioNTech ဟာ Cyber တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း သူတို့ရဲ့ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်းခံခဲ့ရကြောင်း ပြောကြားသွားခဲ့ပါတယ်။ EMA ဟာ ယခုအချိန်တွင် COVID-19 ကာကွယ်ဆေး ၂ ခုကို ခွင့်ပြုချက်ပေးဖို့ လုပ်ဆောင်လျှက်ရှိနေပြီး ဒီအရာကို ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် မျှော်လင့်ထားလျှက်ရှိပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ Cyber တိုက်ခိုက်မှုဟာ အဆိုပါအချိန်ဇယားအပေါ် သက်ရောက်မှုရှိမှာတော့မဟုတ်ပါဘူးဟူ၍ BioNTech မှ ပြောဆိုသွားခဲ့ပါတယ်။

BioNTech မှ သူတို့ရဲ့ website ပေါ်တွင် “ယနေ့မှာ EMA ကို Cyber တိုက်ခိုက်မှုတစ်ခုပြုလုပ်ခြင်းခံခဲ့ရကြောင်း ကျွန်ုပ်တို့ကို အကြောင်းကြားလာခဲ့ပြီး EMA ရဲ့ ဆာဗာများ အတွင်း သိမ်းဆည်းထားသော Pfizer နဲ့ BioNTech ရဲ့ Covid-19 ကာကွယ်ဆေးလျှောက်ထားမှုတစ်ခုဖြစ်တဲ့ BNT162b2 နဲ့သက်ဆိုင်တဲ့ regulatory submission စာရွက်စာတမ်းအချို့ကို တရားမဝင်ချိုးဖောက်ဝင်ရောက်ကြည့်ရှုခြင်းကို ခံခဲ့ရပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။

အောက်တိုဘာလတုန်းကလည်း အိန္ဒိယနိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဟာ ကြီးမားသော Cyber တိုက်ခိုက်မှုတစ်ခုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး IBM ရဲ့ ပြောဆိုချက်များအရ လက်တလော အခြေအနေများတွင် ရောဂါကာကွယ်ဆေးများကို ရွှေ့ပြောင်းရာတွင်အသုံးပြုရသည့် Cold storage supply chain များဟာ နိုင်ငံအဆင့် Cyber တိုက်ခိုက်မှုများကို ခံစားနေရကြောင်း သိရှိခဲ့ရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။