The developer behind PUBG announced a partnership with blockchain company Solana Labs

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.4.2022 | PUBG နောက်ကွယ်က Developer Studio တစ်ခုမှ Blockchain ကုမ္ပဏီတစ်ခုဖြစ်တဲ့ Solana Labs နှင့် အကျိုးတူပူးပေါင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာ 

Krafton လို့အမည်ရတဲ့ PUBG ဂိမ်းကို ထုတ်လုပ်သူ developer studio ဟာ Blockchain ကုမ္ပဏီတစ်ခုဖြစ်တဲ့ Solana Labs နဲ့ အကျိုးတူပူးပေါင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဆိုပါကြေငြာချက်အရ - ၎င်းတို့ဟာ “blockchain နှင့် NFT ကို အခြေခံသော ဂိမ်းများနှင့် ဝန်ဆောင်မှုများ” ကို development ပြုလုပ်ခြင်း၊ operation လည်ပတ်ခြင်းနှင့် design ရေးဆွဲခြင်းတို့ကို အတူတကွပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ 

Solana Labs ဟာ Solana blockchain လို့အမည်ရတဲ့ Ethereum နဲ့ ပြိုင်ဘက် competitor တစ်ခုဖြစ်ပြီး အသုံးပြုသူများရဲ့ ငွေကြေးများကို ဈေးနှုန်းသက်သာစွာနဲ့ လျှင်မြန်စွာလွှဲပြောင်းမှုပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုများကို ပေးအပ်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Krafton ကတော့ ၎င်းတို့ရဲ့ မည်သည့်ဂိမ်းများကို blockchain နည်းပညာထည့်သွင်းသွားမလဲ (သို့မဟုတ်) ၎င်းတို့ရဲ့ flagship တစ်ခုဖြစ်တဲ့ PUBG စီးရီးများအတွင်းသို့ blockchain နည်းပညာကို ထည့်သွင်းတည်ဆောက်သွားမလားဆိုတာကို ထုတ်ဖော်ပြောကြားသွားခြင်းမရှိသေးပါဘူး။ 

PUBG ဂိမ်းရဲ့ PC version ကတော့ ယခုနှစ်အတွင်းမှာ Free-to-Play အဖြစ်ကို ကူးပြောင်းသွားခဲ့ပြီးနောက် လူများအကြားတွင် ပိုမိုရေပန်းစားလာခဲ့တာဖြစ်ပြီး PUBG mobile game ကတော့ ယခုအခါ download ပေါင်း ၁ ဘီလျံခန့်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ PUBG က ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း PUBG: New State လို့အမည်ပေးထားတဲ့ နောက်ထပ် Free-to-Play mobile game တစ်ခုကို ထပ်မံထုတ်လွှင့်ပေးခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။