The battle between Fortnite creator-Epic Games and Apple

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.8.2020 | Fortnite ဂိမ်းဖန်တီးသူ Epic Games နှင့် Apple တို့အကြားက တိုက်ပွဲများ

Epic နှင့် Apple တို့အကြား App Store ပေါ်လစီများကြောင့်ဖြစ်ပွားလျက်ရှိတဲ့ လွန်ဆွဲပွဲဟာ အရှိန်အဟုန်မြင့်တက်လာလျက်ရှိနေပါတယ်။ ယခုအခါ Epic က Apple ကို အမေရိကန်ပြည်နယ်တရားရုံးတွင် စွဲဆိုချက်တစ်ရပ်နဲ့ တရားစွဲဆိုခဲ့ပြီး Apple ဟာ သူတို့ရဲ့ developer အကောင့်များနဲ့အတူ Epic မှ Third-Party developer များထံသို့ ပေးအပ်ထားတဲ့ Unreal Engine အပြင် အခြားသော developer tool များကိုအသုံးပြုခွင့်အား ပိတ်ပင်ဖို့ကို လာမည့် ဩဂုတ်လ၊ ၂၈ ရက်နေ့တွင်ပြုလုပ်သွားမှာဖြစ်သည့်အကြောင်း အသိပေးလာခဲ့သည်ဟုဆိုပါတယ်။ 

Epic ရဲ့ ပြောဆိုချက်အရ “Apple ရဲ့ ဒီလုပ်ရပ်ဟာ Fortnite ကိုသာမက အခြား Unreal Engine ကိုအသုံးပြုနေတဲ့ ဂိမ်းများအတွက်ပါအန္တရာယ်ရှိလာနိုင်ပြီး ဒါဟာ Unreal Engine အတွက် ရှိလာနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။ “ဒီကိစ္စကြောင့် Epic အနေနဲ့ ဆက်လက်လုပ်ကိုင်နေဆဲလုပ်ငန်းတွေ၊ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ ဖောက်သည်များထံမှယုံကြည်မှုတို့အပေါ် ငွေကြေးသတ်မှတ်ပြီးတန်ဖိုးဖြတ်မရနိုင်တဲ့၊ ပြန်လည်ပြင်ဆင်မရနိုင်တဲ့ ထိခိုက်နစ်နာမှုများကိုဖြစ်ပေါ်စေခဲ့တယ်” ဟူ၍လည်းထပ်မံပြောကြားသွားခဲ့ပါ တယ်။

Fortnite ဟာ ပြီးခဲ့တဲ့အပတ်အတွင်း Epic က တိုက်ရိုက်ငွေပေးခြေမှုစနစ်ကို စတင်မိတ်ဆက်ခဲ့ပြီးနောက် Apple ရဲ့ App Store နှင့် Google Play Store တို့ပေါ်မှ ဖြုတ်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ “Apple ဟာ သူတို့အရင်က ဆန့်ကျင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေက ဈေးကွက်ကိုထိန်းချုပ်ထားပြီး၊ အပြိုင်အဆိုင်များကိုပိတ်ဆို့ကာ တီထွင်ဆန်းသစ်မှုများကို ရပ်တန့်သွားစေတဲ့ကိစ္စရပ်တွေကိုပြုလုပ်နေတယ်ဟူ၍ Epic က သူတို့ရဲ့တရားခွင်အတွင်းတွင် ပြောကြားသွားခဲ့ပါတယ်။ “Apple ဟာ ပြီးခဲ့တဲ့နှစ်များက monopolist များထက် ပိုမိုကြီးမားပြီး၊ ပိုမိုအင်အားကောင်းနေသည့်အပြင်၊ ယခင်လက်ဝါးကြီးအုပ်သည့်သူများ၏ လမ်းဟောင်းအတိုင်းလျှောက်လှမ်းနေလျှက်ရှိသည့်အတွက် ယခင်ကသူများထက်ပိုပြီး အန္တရာယ်ရှိနေနိုင်ပါတယ်။ ဈေးကွက်ရဲ့ထိပ်ဆုံးတွင် စုစုပေါင်းတန်ကြေး ဒေါ်လာ ၂ ထရီလီယံခန့်နဲ့ ရပ်တည်နေတဲ့ Apple ရဲ့ အရွယ်အစားနဲ့ လက်လှမ်းမှီမှုများဟာ သမိုင်းတစ်လျှောက်ရှိဖူးခဲ့တဲ့ နည်းပညာလက်ဝါးကြီးအုပ်သူကုမ္ပဏီများထက် အဆ ပေါင်းများစွာ သာလွန်လျှက်ရှိနေတယ်။" ဟူ၍လည်း Epic က ပြောဆိုခဲ့ပါသေးတယ်။

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။