Tesla workers in Shanghai live and work at the factory due to lockdown restrictions

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.5.2022 | Lockdown ကန့်သတ်ချက်များကြောင့် ရှန်ဟိုင်းမြို့ရှိ Tesla ဝန်ထမ်းများ စက်ရုံအတွင်းတွင်သာနေထိုင်၍ အလုပ်လုပ်နေရလျှက်ရှိ

Tesla ဟာ ရှန်ဟိုင်းမြို့တွင် COVID ရောဂါကူးစက်ပြန့်ပွားမှုများအပြီးတွင် lockdown ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ပေးလာခဲ့တဲ့အတွက် ရှန်ဟိုင်းမြို့ရှိ ကြီးမားတဲ့စက်ရုံတစ်ခုတွင် ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျှက်ရှိနေပြီပဲဖြစ်ပါတယ်။

Bloomberg သတင်းဌာနမှ ရေးသားထားတဲ့ သတင်းတစ်ပုဒ်အရ အဆိုပါစက်ရုံကို “closed-loop system” လို့အမည်ပေးထားတဲ့ စနစ်တစ်ခုအတိုင်း လိုက်ပါဆောင်ရွက်၍ ပြန်လည်ဖွင့်လှစ်လျှက်ရှိပြီဖြစ်ပြီး ဆိုလိုသည်မှာ - မည်သူမှ စက်ရုံအတွင်းသို့ဝင်ခြင်း၊ စက်ရုံတွင်းမှ ထွက်ခွာခြင်းကို ပြုလုပ်၍ရနိုင်မှာမဟုတ်ပဲ ဝန်ထမ်းများအနေနဲ့ စက်ရုံအတွင်းတွင်သာနေထိုင်၍ အလုပ်လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။

အဆိုပါ COVID ကြောင့် ကန့်သတ်ချက်များအပြင် Bloomberg ရဲ့ အဆိုအရ Tesla ဟာ မေလ ၂၈ ရက်နေ့ကစတင်၍ ၎င်းတို့ရဲ့စက်ရုံပိတ်သိမ်းထားရတဲ့အတွက် ကားအစီးရေပေါင်း ၄၀,၀၀၀ ခန့် ထုတ်လုပ်ရန် နောက်ကျခဲ့ရခြင်းအတွက် ကာမိစေရန် အလုပ်ချိန်များကိုလည်း တိုးမြှင့်သတ်မှတ်ထားလျှက်ရှိနေကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။