Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Tesla က ၎င်းတို့ထံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် အင်ဂျင်နီယာတစ်ဦးဖြစ်သူ Yatskov ကို ၎င်းတို့ရဲ့ “လျှို့ဝှက်အပ်သော၊ စောင့်ထိန်းသင့်သော” ကုမ္ပဏီရဲ့ Project Dojo လို့အမည်ပေးထားတဲ့ supercomputer နည်းပညာနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ခိုးယူခဲ့သည့်အတွက်ဟုဆိုကာ တရားစွဲဆိုမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
Tesla ရဲ့ စွဲဆိုချက်အရ Yatskov ဟာ အဆိုပါအချက်အလက်များကို ၎င်းရဲ့ကိုယ်ပိုင် device များပေါ်သို့ download ပြုလုပ်၍ ရယူခဲ့တာဖြစ်ပြီး ပြန်လည်အပ်နှံရန်တောင်းဆိုခဲ့ရာတွင် အဆိုပါအချက်အလက်များကို ပြန်လည်အပ်နှံဖို့ ငြင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။
Tesla ရဲ့ ပြောကြားချက်အရ - အင်ဂျင်နီယာများအားလုံးဟာ Dojo နဲ့ သက်ဆိုင်တဲ့ ၎င်းတို့ရဲ့ လျှို့ဝှက်အပ်သော အချက်အလက်များကို ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရန် စောင့်ထိန်းရမည်ဟု သဘောတူညီချက်လက်မှတ်ရေးထိုးထားရတာဖြစ်ပြီး အဆိုပါအချက်ကို Yatskov မှ “Tesla ရဲ့ လျှို့ဝှက်အပ်သောအချက်အလက်များကို ကုမ္ပဏီပိုင် device များနှင့်အကောင့်များပေါ်မှဖယ်ရှားပြီး ၎င်းရဲ့ကိုယ်ပိုင် device များနှင့်ဝင်ရောက်ခြင်းနှင့် Tesla ရဲ့ လျှို့ဝှက်အပ်သော အချက်အလက်များပါဝင်နေသည့် Project Dojo အကြောင်း အသေးစိတ်အချက်အလက်များပါဝင်တဲ့ စာရွက်စာတမ်းများကို အဆိုပါကိုယ်ပိုင် ကွန်ပျူတာပေါ်မှတဆင့် ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။” ဒါ့အပြင် Yatskov ဟာ လျှို့ဝှက်အပ်သော Tesla ရဲ့ အချက်အလက်များပါဝင်တဲ့ e-mail များကို ၎င်းရဲ့ကိုယ်ပိုင် e-mail လိပ်စာမှ ၎င်းရဲ့ အလုပ် e-mail လိပ်စာသို့ ပေးပို့ခြင်းပြုလုပ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။