Tesla sues former employee for intentionally stealing company information

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.2.2021 | Tesla မှ ဝန်ထမ်းဟောင်းတစ်ဦးအား ကုမ္ပဏီ၏အချက်အလက်များကို ခိုးယူခဲ့သည်ဟုဆိုကာ တရားစွဲဆိုမှုဖြစ်ပွားခဲ့ 

CNBC News မှ သတင်းတစ်ရပ်အရ Tesla မှ ဝန်ထမ်းဟောင်းတစ်ဦးကို ကုမ္ပဏီမှအချက်အလက်များကို ခိုးယူခဲ့သည်ဟူ၍ စွဲချက်တင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ Tesla မှ ပြောဆိုချက်အရ software engineer တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Alex Khatilov ဟာ Tesla ရဲ့ internal network အတွင်းရှိ ကုမ္ပဏီလုပ်ငန်းစဉ်များစွာကို အလိုအလျှောက်လုပ်ဆောင်ပေးနိုင်စွမ်းရှိသော Warp Drive software နဲ့ သက်ဆိုင်တဲ့အချက်အလက်များကိုခိုးယူခဲ့သည်ဟူ၍ သိရှိခဲ့ရပါတယ်။ 

Tesla မှ တရားရုံးတွင်ထွက်ဆိုချက်အရ Khatilov ဟာ ဖိုင်များကို သူ့ရဲ့ကိုယ်ပိုင် Dropbox အကောင့်သို့ ရွှေ့ပြောင်းခဲ့ကြောင်းနဲ့ သူဟာ အဆိုပါဖိုင်များကိုအသုံးပြုခွင့်ရထားတဲ့ Tesla ရဲ့လက်တစ်ဆုပ်စာမျှသော ဝန်ထမ်းများတွင် အပါအဝင်ဖြစ်သူတစ်ဦးဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ Khatilov ကတော့ သူဟာ အဆိုပါဖိုင်များကို Dropbox တွင် မရည်ရွယ်ပဲ သိမ်းဆည်းထားမိခဲ့တာဖြစ်ပြီး Tesla ကသူ့ကိုတရားစွဲခဲ့ကြောင်းကို သတင်းစာများမှ သူ့အားဆက်သွယ်မလာမှီအထိ သိရှိခဲ့ခြင်းမရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

Tesla ဟာ ယခင်ကတည်းက သူတို့ရဲ့ ဒေတာလုံခြုံရေးနဲ့ပတ်သက်လာပါက အလျှော့ပေးတာမျိုးမရှိခဲ့ပါဘူး။ ယခင်ကလည်း Tesla ထံမှ ရုံးတွင်းပိုင်းဆိုင်ရာအချက်လက်များကို ခိုးယူခဲ့တဲ့အတွက် ဝန်ထမ်းဟောင်းများကို တရားစွဲဆိုမှုများရှိခဲ့ဖူးပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။