Tesla’s ‘phantom braking’ problem is now being investigated by the US government

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.3.2022 | Tesla ရဲ့ အကြောင်းအရင်းမသိရပဲ ရုတ်တရက် ဘရိတ်အုပ်နေသည့် ပြဿနာကို အမေရိကအစိုးရမှ စတင်စုံစမ်းလျှက်ရှိ 

အမေရိကန်နိုင်ငံ National Highway Traffic Safety Administration ရဲ့ ပြောကြားချက်အရ Tesla ကားများရဲ့ ရုတ်တရက်ဘရိတ်အုပ်နေသည့်ဖြစ်စဉ်အပေါ် ရာပေါင်းများစွာသော complain တက်မှုများရှိလာသည့်အတွက် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် Tesla Model 3 နှင့် Model Y ယာဉ်ပေါင်း ၄၁၆,၀၀၀ ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားရန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေဦးရာသီခန့်တွင် Tesla ရဲ့ advance driver assist system တွင် အမှန်တကယ်မဟုတ်ပဲ အရှေ့ဘက်တွင် တိုက်မိနိုင်သည်ဟု သတိပေးမှုများနှင့် ရုတ်တရက် ဘရိတ်အုပ်ခြင်းတို့ဖြစ်ပေါ်ပြီးနောက် Tesla ဟာ ၎င်းတို့ရဲ့ Full Self-Driving beta software ရဲ့ version 10.3 သို့ နောက်ပြန်ဆုတ်ပေးခဲ့ရပါတယ်။  

သို့သော်လည်း ထိုသို့ပြုလုပ်ပြီးနောက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ complain ပြုလုပ်မှုများဟာ ပိုမိုမြင့်တက်လာခဲ့ပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း NHSTA သို့ complain ပြုလုပ်မှုစုစုပေါင်း ၁၀၇ ခုအထိ ရှိခဲ့ပြီး ယခင်က ၂၂ လကြာကာလအတွင်းတွင်မှ complain ပြုလုပ်မှုစုစုပေါင်း ၃၄ ခုသာရှိခဲ့တာဖြစ်တယ်လို့ The Washington Post ရဲ့ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။ ယခုအခါတွင် စုစုပေါင်းအနေနဲ့ ပြီးခဲ့တဲ့ ၉ လတာ ကာလအတွင်း complain ပြုလုပ်မှုပေါင်း ၃၅၄ ခုခန့်ရှိနေပြီဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။