Tesla raised prices across its entire line-up from 5 – 10 percent

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.3.2022 | Tesla မှ ၎င်းတို့ထုတ်လုပ်ရောင်းချနေသော လျှပ်စစ်ကားအားလုံးရဲ့ ဈေးနှုန်းများကို ၅ - ၁၀ % အထိ တိုးမြှင့်သတ်မှတ်

Tesla မှ ၎င်းတို့ထုတ်လုပ်ရောင်းချလျှက်ရှိနေသော လျှပ်စစ်ကားများအားလုံးရဲ့ ဈေးနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပြီး ဈေးနှုန်းများဟာ အနည်းဆုံး ၅% မှ ၁၀% အထိ တိုးမြင့်သွားခဲ့တယ်လို့ The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ယခုအခါ အသစ်သတ်မှတ်လိုက်တဲ့ဈေးနှုန်းများအရ Tesla မှ ရောင်းချလျှက်ရှိသော ယာဉ်များတွင် အသက်သာဆုံးဖြစ်တဲ့ Tesla Model 3 Rear-Wheel Drive ကို $46,990 သို့ လည်းကောင်း၊ ဈေးအကြီးဆုံး ဖြစ်တဲ့ Tesla Model X Tri motor အမျိုးအစားကို $138,990 သို့ လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့တယ်လို့ သိရှိရပါတယ်။ 

Tesla မှ ဒီကဲ့သို့ ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ CEO ဖြစ်သူ Elon Musk မှ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိသေးသော်လည်း မတ်လ ၁၄ ရက်နေ့က - “ကုန်ကြမ်းပစ္စည်းများနှင့် ကုန်စည်ကူးသန်းတင်ပို့ရေးအပိုင်းများ၌ ယခုနှစ်တွင် အမေရိကန်နိုင်ငံအတွင်း ၇.၉ ရာခိုင်နှုန်းခန့် ဈေးနှုန်းများ ပိုမိုမြင့်မားလာတာကို Tesla နှင့် SpaceX တို့မှ သတိထားမိခဲ့ပါတယ်” ဟူ၍ Musk က tweet ပြုလုပ်ထားခဲ့တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။