Tesla officially opens Berlin Gigafactory

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.3.2022 | Tesla မှ Berlin တွင် Gigafactory တစ်ခုကို official ဖွင့်လှစ်ခဲ့

Tesla ရဲ့ ၄ ခုမြောက် Gigafactory နှင့် ဥရောပတွင် ပထမဆုံးသော Gigafactory တစ်ခုကို မတ်လ၊ ၂၂ ရက်နေ့တွင် ကုမ္ပဏီရဲ့ CEO Elon Musk ကိုယ်တိုင် ဦးစီး၍ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

Tesla မှ ၎င်းတို့ရဲ့ စက်ရုံတစ်ခုကို Berlin မြို့တွင်ဖွင့်လှစ်လိုကြောင်း ဖွင့်ဟကြေငြာခဲ့ပြီးနောက် ၂ နှစ်ခွဲခန့်အကြာတွင် ၎င်းတို့ရည်မှန်းထားသည့်အတိုင်း ထိုသို့ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပြီး အဆိုပါစက်ရုံဟာ Germany နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Berlin မြို့ အပြင်ဘက်တွင် တည်ရှိပြီး Giga Berlin-Brandenburg ဟု အမည်ပေးထားကြောင်း သိရှိရပါတယ်။

စက်ရုံဖွင့်ပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ Tesla မှ အဆိုပါစက်ရုံတွင် ပထမဆုံးထုတ်လုပ်သွားမည့် Model Y compact SUV အစီး ၃၀ ကိုလည်း customer များထံသို့ ရောင်းချပေးသွားမှာဖြစ်ပြီး Reuters မှ ရေးသားထားတဲ့ သတင်းတစ်ပုဒ်အရ အဆိုပါကားများဟာ တစ်ခါအားသွင်းထားလျှင် မိုင်ပေါင်း ၃၂၀ အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ ယူရိုငွေ ၆၃,၉၉၀ ဖြင့် သတ်မှတ်ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ သတင်းများအရ - ယခုလအစောပိုင်းတွင် Tesla ကားများကို စီးပွားဖြစ်စတင်ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် ရရှိခဲ့ပြီးဖြစ်ကာ တစ်နှစ်လျှင် ကားအစီးရေ ၅၀၀,၀၀၀ အထိ ထုတ်လုပ်ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။