Tesla launched an all-electric four-wheel ATV for kids

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.12.2021 | ကလေးများအတွက် လျှပ်စစ်လေးဘီးဆိုင်ကယ်တစ်မျိုးကို Tesla မှ ထုတ်လုပ်

Tesla မှ ကလေးများအတွက် ကန်ဒေါ်လာ ၁,၉၀၀ တန်ကြေးရှိ လေးဘီး ATV ဆိုင်ကယ်တစ်မျိုးကို စတင်ထုတ်လုပ်လျှက်ရှိနေပြီဖြစ်တယ်လို့ ကြေငြာခဲ့ပြီး ၎င်းကို ယခုအခါ Tesla ရဲ့ website ပေါ်တွင် ဝယ်ယူ၍ ရနိုင်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

အသစ်ထုတ်လုပ်လိုက်တဲ့ အဆိုပါ Cybersquad အသေးစားယာဉ်ဟာ အသက် ၈ နှစ်နှင့်အထက် ကလေးငယ်များအတွက် ရည်ရွယ်၍ထုတ်လုပ်ထားတာဖြစ်ပြီး ၎င်းတွင် - စတီးကိုယ်ထည်၊ ကူရှင်ပါသောထိုင်ခုံ၊ rear disk braking စနစ်နှင့် ချိန်ညှိမှုများပြုလုပ်နိုင်မည့် suspension တို့ပါဝင်လာမှာဖြစ်ပြီး LED မီးလုံးများကိုလည်း ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ လျှပ်စစ် ATV ကို 10 mph အမြန်နှုန်းအထိမောင်းနှင်နိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ ၁၅ မိုင်အကွာအဝေးအထိ မောင်းနှင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ 

အမြန်နှုန်း setting အားဖြင့်တော့ (၃) မျိုးပါဝင်မှာဖြစ်ပြီး ၎င်းတို့ကတော့ - 5 mph, 10 mph နှင့် reverse 5 mph တို့ဖြစ်တယ်လို့ သိရှိရပါတယ်။ Tesla ရဲ့ ပြောကြားချက်အရ အဆိုပါ လေးဘီးလျှပ်စစ်ဆိုင်ကယ်ကို အားအပြည့်သွင်းရန် ၅ နာရီခန့်ကြာမြင့်နိုင်ပြီး ဘက်ထရီသက်တမ်းဟာ စီးနင်းသူရဲ့ ကိုယ်အလေးချိန်၊ စီးနင်းမှုပြုလုပ်သည့် မြေပြင်အနေအထားနှင့် မြန်နှုန်း setting များအပေါ်မူတည်၍ အပြောင်းအလဲရှိလာနိုင်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။