Tesla is Selling their Full Self-Driving Software in a Subscription

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.7.2021 | Tesla မှ သူတို့ရဲ့ Full Self-Driving Software ကို Subscription ပြုလုပ်၍ ဝယ်ယူနိုင်ရန် ရောင်းချပေးလျှက်ရှိ 

Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ - ဇူလိုင်လ ၁၇ ရက်နေ့တွင် Tesla မှ အချို့သောအသုံးပြုသူများအနေနဲ့ သူတို့ရဲ့ အဆင့်မြင့် မောင်းနှင်သူအထောက်အကူပြု software တစ်ခုဖြစ်တဲ့ “Full Self-Driving Capibility” ကို ကန်ဒေါ်လာ ၁၀၀၀၀ လက်ငင်းပေးချေ၍ ဝယ်ယူရမည့်အစား ကန်ဒေါ်လာ $၁၉၉ ဖြင့် subscribe ပြုလုပ်နိုင်မည့် option ကို ရွေးချယ်၍အသုံးပြုနိုင်စေရန် ပြုလုပ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ 

Tesla ဟာ ယခင်ကလည်း သူတို့ရဲ့ ဒီ subscription ဝန်ဆောင်မှုဟာ ပုံမှန်ဝင်ငွေစီးဆင်းမှုကို ဖန်တီးပေးနိုင်ပြီး ဈေးကြီးတဲ့ လုပ်ဆောင်ချက်များဖြစ်တဲ့ အဝေးပြေးလမ်းမများပေါ်တွင် လမ်းကြောင်းပြောင်းလဲခြင်းနှင့် ကားပါကင်ထိုးခြင်းတို့အတွက် အထောက်အကူပြုပေးနိုင်မည့် လုပ်ဆောင်ချက်များကို ဝယ်ယူအသုံးပြုသူအရေအတွက် တိုးပွားလာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Tesla ရဲ့ ပြောဆိုချက်အရ ဒီ subscription ဝန်ဆောင်မှုကို Full Self-Driving Computer 3.0 နှင့် အထက် တပ်ဆင်ထားတဲ့ ကားများတွင် ရယူအသုံးပြုနိုင်မှာဖြစ်ပြီး။ Hardware အသစ်ကို upgrade ပြုလုပ်ပေးရန် အတွက်တော့ ကန်ဒေါ်လာ ၁၅၀၀ ခန့်ကျသင့်မှာဖြစ်ကြောင်း သိရှိရပါတယ်။ Tesla ဟာ သူတို့ရဲ့ ဒီ semi-automatic driving software ကို မြို့ကြီးများရဲ့လမ်းများပေါ်တွင် စမ်းသပ်လျှက်ရှိနေပြီး ပြီးခဲ့တဲ့အပတ်က “FSD Beta v9” ကို အသုံးပြုသူအချို့ထံသို့ ရောင်းချပေးခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။