Tesla has started to deploy Starlink antennas at Supercharger stations

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.11.2021 | Tesla မှ ၎င်းတို့ရဲ့ Supercharger station များတွင် satellite-based internet ကို အသုံးပြုနိုင်ရန် စတင်တပ်ဆင်လျှက်ရှိ

Tesla မှ Starlink အင်တာနာတိုင်များကို Tesla လျှပ်စစ်ကားများအား ဓါတ်အားသွင်းခြင်းပြုလုပ်ရသည့် ၎င်းတို့ရဲ့ Supercharger station များတွင်စတင်တပ်ဆင်လျှက်ရှိနေပြီဖြစ်ပြီး Tesla ကားပိုင်ဆိုင်ထားသူများမှ ၎င်းတို့ရဲ့ကားကို အားသွင်းဖို့စောင့်ဆိုင်းနေစဉ်အတွင်း ၎င်းတို့ရဲ့ satellite-based internet ကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးလျှက်ရှိနေကြောင်း သိရှိရပါတယ်။  

Tesla ရဲ့ Supercharger ကွန်ယက်ဟာ လက်ရှိအချိန်အထိမှာတော့ လျှပ်စစ်ကားများအတွက် အကောင်းဆုံး ဓါတ်အားဖြည့်သွင်းမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး အခြားသော charging ကွန်ယက်ကုမ္ပဏီများဟာလည်း Tesla နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားလျှက်ရှိနေကြပါတယ်။ Tesla ဘက်မှ ဒီကဲ့သို့ မဖြစ်မနေလိုအပ်လာမယ့် charging experience အတွက် ယခင်ကတည်းကရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ခြင်းက အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

လျှပ်စစ်ကားများကို charging ပြုလုပ်ရာတွင် charging သွင်းရသည့် အချိန်ပမာဏကို တိုတောင်းမှုရှိစေရန် အစဉ်အမြဲရည်ရွယ်၍ ပြုလုပ်ခဲ့ကြသော်လည်း Tesla ကားပိုင်ဆိုင်ထားသူများအနေနဲ့ အနည်းဆုံး နာရီဝက်ခန့် စောင့်ဆိုင်းနေရဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း Tesla ကားပိုင်ရှင်များ ၎င်းတို့ရဲ့ လျှပ်စစ်ကားများကို အားသွင်းနေစဉ်အတွင်း ကားအတွင်းတွင် အပန်းဖြေမှုများပြုလုပ်နိုင်ရန်အတွက် Tesla မှ Tesla Theater, Netflix, YouTube, Twitch နဲ့ အခြားသော streaming များအပြင် video game အများစုပါဝင်နေသော Tesla Arcade လို့အမည်ပေးထားတဲ့ in-car apps များကိုလည်းတည်ဆောက်လျှက်ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။