Tesla disables gaming while driving feature

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.12.2021 | Tesla မှ ယာဉ်မောင်းနှင်နေစဉ် ဂိမ်းများကစားနိုင်သောလုပ်ဆောင်ချက်ကို ပိတ်သိမ်းခဲ့

Tesla မှ ၎င်းတို့ရဲ့ Passenger Play feature ဖြင့် ကားအတွင်းရှိ touchscreen ပေါ်တွင် ယာဉ်မောင်းနှင်မှုပြုလုပ်နေစဉ်အတွင်း ဂိမ်းများကိုဆော့ကစားခွင့်ပြုထားခြင်းကို ပြောင်းလဲမှုများပြုလုပ်သွားရန်အတွက် သဘောတူလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။

၎င်းဟာ US National Highway Traffic Safety Administration (NHTSA) အမေရိကန်နိုင်ငံ အဝေးပြေးလမ်းမ ယာဉ်ကြောလုံခြုံရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှ ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုများအပြီးတွင် ထိုသို့ပြောင်းလဲမှုများကိုပြုလုပ်ဖို့သဘောတူညီလိုက်ခြင်းဖြစ်ပြီး Tesla မှ အဆိုပါလုပ်ဆောင်ချက်ကို ယာဉ်မောင်းနှင်ခြင်းပြုလုပ်နေစဉ်တွင် အသုံးပြု၍မရနိုင်ရန်အတွက် software update ကို မကြာမှီ ထုတ်လွှင့်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါအဖွဲ့ကြီးမှ “ယခုအခါ ယာဉ်မောင်းနှင်စဉ်အတွင်းတွင် Passenger Play feature ကို lock လုပ်ထားမှာဖြစ်ပြီး အသုံးပြု၍ရနိုင်တော့မှာမဟုတ်ပါဘူး” ဟု ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး Tesla ဘက်ကတော့ အဆိုပါကိစ္စနှင့်စပ်လျင်း၍ တစ်စုံတစ်ရာကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။