Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Tesla မှ ၎င်းတို့ဟာ ၂၀၂၁ ခုနှစ်အတွင်းတွင် စုစုပေါင်း လျှပ်စစ်ကားအစီးရေ ၉၃၆,၁၇၂ စီးကို စံချိန်တင်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း ထုတ်လုပ်ရောင်းချနိုင်ခဲ့တဲ့ ကားအစီးရေပေါင်း ၄၉၉,၅၅၀ နှင့် နှိုင်းယှဉ်လိုက်ပါက ၈၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
Tesla ဟာ ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်အတွင်းတွင်ပဲ ကားအစီးရေပေါင်း ၃၀၈,၆၀၀ စီးကို ထုတ်လုပ်နိုင်ခဲ့ပြီး တတိယ ၃ လပတ်အတွင်းမှာတော့ ကားအစီးရေပေါင်း ၂၄၁,၃၀၀ စီးကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ ၎င်းတို့အနက်တွင် အစီးရေပေါင်း ၁၁,၇၅၀ ဟာ Tesla Model S နှင့် X တို့ဖြစ်ကြပြီး ၂၉၆,၈၅၀ စီး ကတော့ Model 3 နှင့် Y တို့အသီးသီးဖြစ်ကြတယ်လို့သိရှိခဲ့ရပါတယ်။
Tesla ဟာ ယခင်က နှစ်စဉ်နှစ်တိုင်း ၎င်းတို့ရဲ့ကားထုတ်လုပ်မှုကို ၅၀% ခန့်တိုးမြှင့်သွားရန်ရှိသည် ဟူသည့် ကြေငြာချက်တစ်ခုကိုလည်း ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ကားအစီးရေ ၁ သန်းမပြည့်သေးသော်လည်း ၎င်းတို့ရဲ့ annual growth goal ကိုကျော်လွန်တဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းက ရေးသားခဲ့တဲ့ internal memo တစ်ခုတွင် Tesla CEO Elon Musk မှ ၎င်းရဲ့ဝန်ထမ်းများကို နှစ်ကုန်အမှီ ထုတ်လုပ်မှုများကို အလောတကြီး လုပ်ဆောင်နေခြင်းကိုရပ်တန့်ရန်နှင့် ထိုအစား ကုန်ကျစားရိတ်များကိုလျှော့ချနိုင်ရန် ဦးစားပေးကြဖို့ကိုလည်း မှာကြားခဲ့ပြီး သူ့အနေနဲ့ California နှင့် တရုတ်နိုင်ငံအတွင်းရှိ Tesla စက်ရုံများမှ ဒီဇင်ဘာလအတွင်းတွင် သုံးစွဲသူများအတွက် စတင်ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ထားကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။