Tesla announced their cars can be paid in Bitcoins

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.4.2021 | သူတို့ရဲ့ကားများကို Bitcoin ဖြင့် ဝယ်ယူနိုင်ကြောင်း Tesla မှ ကြေငြာခဲ့ 


Tesla ရဲ့ CEO ဖြစ်သူ Elon Musk မှ “ယနေ့ကစပြီး Tesla ကားများကို Bitcoin နဲ့လည်း ဝယ်ယူနိုင်ပါပြီ” ဟု အဓိပ္ပါယ်ရသော Tweet တစ်ခုကိုရေးသားခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Bitcoin ကို အရူးအမူးနှစ်ခြိုက်သူတစ်ဦးဖြစ်တဲ့အတွက် Elon Musk ရဲ့ Tesla ကုမ္ပဏီဟာ Bitcoin တွင်များစွာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံတန်ဖိုးရှိ Bitcoin ပမာဏကိုလည်း ဝယ်ယူခဲ့ပါသေးတယ်။ 

နောက်ပြီး Bitcoin ဂေဟစနစ်ဖြစ်ထွန်းအောင်မြင်လာတာကိုတွေ့ချင်သူ Bitcoin ကိုနှစ်ခြိုက်သူများရဲ့ စိုးရိမ်မှုကို အာမခံျက်ပေးနိုင်ရန်အတွက်လည်း Mr. Musk မှ - “Tesla အနေနဲ့ ရရှိလာတဲ့ Bitcoin များကို Bitcoin အနေနဲ့ သာ ထိန်းသိမ်းထားမှာဖြစ်ပြီး အစိုးရပိုင်ငွေကြေးအဖြစ်သို့ ပြောင်းလဲသွားမှာမဟုတ်ကြောင်း” အတည်ပြုပြောကြားခဲ့ပါသေးတယ်။ 

ယခုအခါ အမေရိကန်နိုင်ငံတွင် Tesla ကားများကို အမေရိကန်ဒေါ်လာ ၁၀၀ နှင့်ညီမျှသော Bitcoin ပမာဏကို ပေးကာ စရံချထားနိုင်ပြီဖြစ်ပြီး ထိုအရာကို လာမည့်လများအတွင်း အခြားသောနိုင်ငံများတွင်လည်း ရရှိလာနိုင်တော့မှာဖြစ်ပါတယ်။ Bitcoin ရဲ့ အတက်အကျမြန်တဲ့ နှုန်းထားများကြောင့် လက်တွေ့ဘဝအတွင်းရှိ အရာဝတ္ထုများကိုဝယ်ယူရာတွင် ရှုပ်ထွေးမှဒအနည်းငယ်ရှိလာနိုင်ပါတယ် ဟူ၍လည်း Mr. Musk မှ ပြောကြားခဲ့ပါသေးတယ်။ ဥပမာအားဖြင့် Tesla ရဲ့ စည်းကမ်းချက်များတွင် အကယ်၍ refund ပြုလုပ်ရန်လိုအပ်လာပါက ကုမ္ပဏီအနေဖြင့် ရရှိခဲ့တဲ့ Bitcoin ပမာဏအတိုင်းသော်၎င်း၊ ကားရဲ့အမေရိကန်ဒေါ်လာအတိုင်း တန်ကြေးဖြင့်သော်၎င်း နှစ်သက်သလိုပြန်လည်၍ refund ပြုလုပ်ပိုင်ခွင့်ရှိသည်ဟု ရေးသားထားကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။