Tern announced a more affordable version of its popular cargo bikes 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.3.2022 | ၎င်းတို့ရဲ့ လူကြိုက်များသော cargo bike များရဲ့ ပိုမိုဈေးသက်သာတဲ့ version ကို Tern မှ ကြေငြာ

ထိုင်ဝမ်အခြေစိုက် လျှပ်စစ်စက်ဘီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Tern ဟာ ၎င်းတို့ထုတ်လုပ်တဲ့ လူကြိုက်များသော cargo bike များရဲ့ ပိုမိုဈေးသက်သာတဲ့ version ကို ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကြေငြာချက်ပြုလုပ်ခဲ့ပါတယ်။ 

Tern ရဲ့ GSD နဲ့ HSD model များဟာ ကုန်ပစ္စည်းများ တင်ဆောင်ရန် နေရာကျယ်ကျယ်ဝန်းဝန်းပါရှိကာ စွမ်းဆောင်ရည်မြင့်မားပြီး၊ စွမ်းအားကြီးမားတဲ့ e-bike များကို အသုံးပြုလိုသူ customer များရဲ့ စိတ်တိုင်းကျ ထုတ်ကုန်များအဖြစ် နှစ်ပေါင်းများစွာကြာအောင် ရှိနေခဲ့တာဖြစ်ပါတယ်။ ယခုထပ်မံကြေငြာမှုပြုလုပ်ခဲ့သည့် Tern Quick Haul ဟာလည်း Tern မှ ထုတ်လုပ်တဲ့ အခြားသော စက်ဘီးများကဲ့သို့ ပေါ့ပါးပြီး လွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်တဲ့အပြင် ဝယ်ယူရာတွင်လည်း ယခင် e-bike များထက် အနည်းငယ်ပို၍ သက်သာစွာရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

လက်ရှိတွင် Quick Haul lineup တွင် model ၂ မျိုးကို တွေ့မြင်နိုင်မှာဖြစ်ပါတယ် - D8 လို့အမည်ပေးထားတဲ့ 20mph အထိ အမြန်နှုန်းဖြင့်မောင်းနှင်နိုင်သော Class 1 e-bike ကတော့ ကန်ဒေါ်လာ ၂၉၉၉ ကျပ် ကျသင့်မှာဖြစ်ပြီး P9 လို့အမည်ပေးထားတဲ့ 28mph အထိ အမြန်နှုန်းဖြင့်မောင်းနှင်နိုင်သော Class 3 bike ကိုတော့ ကန်ဒေါ်လာ ၃၂၉၉ ကျပ်ဖြင့်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။