Tencent is acquiring Back 4 Blood developer Turtle Rock Studios

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.12.2021 | Tencent မှ Back 4 Blood game ရဲ့ developer ဖြစ်တဲ့ Turtle Rock Studios ကို ဝယ်ယူလျက်ရှိ 

Tencent ဟာ ၎င်းတို့ရဲ့အလွန်များပြားလှသော video game studio များသို့ Slamfire လို့အမည်ရတဲ့ Back 4 Blood game ရဲ့ developer ဖြစ်သော Turtle Rock Studios ရဲ့ ပင်ရင်းကုမ္ပဏီကို ထပ်မံ၍ဝယ်ယူထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ 

Turtle Rock ဟာ “၎င်းတို့ရဲ့ သီးခြားရပ်တည်နေတဲ့ operation လုပ်ဆောင်ချက်များကို ဆက်လက်ထိန်းသိမ်း၍” ကယ်လီဖိုးနီးယားပြည်နယ်အတွင်းတွင်တည်ရှိနေဦးမှာဖြစ်ပြီး လက်ရှိ leadership team ကပဲ studio ကို ဆက်လက်၍ ဦးဆောင်သွားမှာဖြစ်တယ်လို့ သတင်းများအရသိရှိရပါတယ်။ 

Tencent ဟာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသောဂိမ်းများရဲ့နောက်ကွယ်က ကုမ္ပဏီတစ်ခုဖြစ်ပြီး လူကြိုက်များတဲ့ popular MOBA League of Legends, Call of Duty: Mobile, Honor of Kings နဲ့ Pokémon Unite ဂိမ်းများရဲ့ နောက်ကွယ်က ကုမ္ပဏီတစ်ခုဖြစ်သလို Epic Games တွင်လည်း ရှယ်ယာစုစုပေါင်းရဲ့ ၄၀% ကို ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်သလို Fortnite နှင့် Unreal Engine တို့ရဲ့ developer လည်းဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။