Tencent got sued due to WeChat’s Restricted Youth Mode

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.8.2021 | WeChat ရဲ့ Restricted Youth Mode ကြောင့် Tencent အားတရားစွဲဆိုခြင်းခံခဲ့ရ 

Reuter မှ သတင်းများအရ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ ဥပဒေစိုးမိုးရေးအရာရှိများဟာ WeChat ရဲ့ “restricted youth mode” က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်သက်ဆိုင်သော ဥပဒေများကို ချိုးဖောက်လျှက်ရှိနေသည်ဟုဆိုကာ မိခင်ကုမ္ပဏီဖြစ်သော Tencent ကို တရားစွဲဆိုမှုပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

Youth Mode ဆိုသည်မှာ အသက်ငယ်ရွယ်သေးသောအသုံးပြုသူများကို ငွေပေးခြေရေးစနစ်များအတွင်းသို့ ဝင်ရောက်ခြင်း၊ အနီးအနားတွင်ရှိသောသူငယ်ချင်းများကို ရှာဖွေခြင်းနှင့် အချို့သောဂိမ်းများကို ဆော့ကစားခြင်းတို့မှ ကန့်သတ်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံအတွင်း နေ့စဉ်ဘဝနေထိုင်မှုအတွက် အရေးပါတဲ့ super app တစ်ခုဖြစ်သော WeChat အတွက် မိဘများမှ ကြီးကြပ်ထိန်းချုပ်မှုများကို ပြုလုပ်နိုင်စေမယ့် parental control tool တစ်ခုပဲဖြစ်ပါတယ်။ 

အဆိုပါ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး Tencent ကတော့ မှတ်ချက်တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ခြင်းမရှိသေးပဲ ကျောင်းဖွင့်ရက်များအတွင်း ငယ်ရွယ်သော Honor of Kings player များရဲ့ ဂိမ်းကစားချိန်အား တစ်ရက်လျှင် ၁ နာရီသာဆော့ကစားနိုင်ရန်အတွက် ပိုမို၍တင်းကြပ်သောစည်းမျဉ်းများကို ချမှတ်ခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။