Telegram now lets users send cryptocurrency through TON blockchain spinoff

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.5.2022 | ယခုအခါ Telegram မှတဆင့် cryptocurrency များကို ပေးပို့နိုင်ပြီဖြစ်ကြောင်းကြေငြာ

Telegram ဟာ ယခုအခါတွင် ယခင်ဆောင်ရွက်ခဲ့ဖူးတဲ့ blockchain ဝန်ဆောင်မှုတစ်ခုကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီး အသုံးပြုသူများအနေနဲ့ Toncoin များကို အချင်းချင်းပေးပို့မှုပြုလုပ်နိုင်တော့မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ Protocol မှ သတင်းတစ်ပုဒ်က ဆိုထားခဲ့ပါတယ်။

Twitter ပေါ်ရှိ post တစ်ခုတွင်တော့ TON (The Open Network) က ယခုအခါတွင် Telegram ဟာ Toncoin များကို Telegram ပေါ်တွင် အခကြေးငွေပေးဆောင်စရာမလိုအပ်ပဲ အခမဲ့ပေးပို့နိုင်ပြီဖြစ်တယ်လို့ ရေးသားထားတာကို တွေ့ရှိရပြီး ထိုအကြောင်းကို သူတို့ရဲ့ platform ပေါ်တွင် cryprto လွှဲပြောင်းမှုများပြုလုပ်ရာတွင် မည်ကဲ့သို့လုပ်ဆောင်သွားသလဲဆိုသည်ကို ရှင်းပြထားသည့် short video တစ်ပုဒ်နဲ့အတူ ရေးသားဖော်ပြသွားခဲ့ပါတယ်။

ထိုသို့ စတင်ပြုလုပ်နိုင်ဖို့အတွက် အသုံးပြုသူများအနေနဲ့ Telegram ရဲ့ Wallet Bot ကို မိမိတို့ရဲ့ attachment menu ပေါ်သို့ ထည့်သွင်းပေးရမှာဖြစ်ပြီး ထိုမှတဆင့် cryptocurrency များကို ဘဏ်ကဒ်များဖြင့် ဝယ်ယူပြီးနောက် အခြားသော Wallet များထံသို့ လွှဲပြောင်းပေးပို့မှုများ ဖလှယ်မှုများကို ပြုလုပ်နိုင်စေမှာပဲဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။