Telegram makes expansions to the group video call feature to accommodate 1000 participants

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.8.2021 | Telegram ရဲ့ Group Video Call များတွင် လူပေါင်း ၁၀၀၀ အထိ ပါဝင်ဆင်နွှဲနိုင်စေရန် တိုးချဲ့မှုများကို ပြုလုပ်ပေးခဲ့ 

ယခင်ကထက်ပိုမိုများပြားတဲ့ ကြည့်ရှုသူများကို accommodate ပြုလုပ်နိုင်ရန်အတွက် Telegram ဟာ ဇွန်လက စတင်ထုတ်လွှင့်ပေးခဲ့တဲ့ သူတို့ရဲ့ Group Video Calling Feature ကို တိုးချဲ့မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ 

အဆိုပါ messaging app ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ version တွင် group video call တစ်ခုအတွင်း လူပေါင်း ၁၀၀၀ အထိ ဝင်ရောက်ပါဝင်နိုင်မှာဖြစ်ပြီး သူတို့ရဲ့ ကင်မရာမှတဆင့် screen ပေါ်တွင် ရုပ်သံဖြင့်ဖော်ပြနိုင်မယ့်သူအရေအတွက်ကတော့ လူ ၃၀ သာရှိမှာဖြစ်သော်လည်း ကျန် ၉၇၀ ကတော့ ဝင်ရောက်ကြည့်ရှု၍ ရနိုင်မှာဖြစ်ပါတယ်။ 

ဒီလုပ်ဆောင်ချက်ကို စတင်၍ launch ပြုလုပ်စဉ်ကလည်း Telegram မှ သူတို့ဟာ group chat တစ်ခုအတွင်းသို့ Join ပြုလုပ်နိုင်မည့် လူဦးရေအရေအတွက်ကို တိုးချဲ့သွားဖို့အတွက် စီစဉ်လျှက်ရှိပြီး live event များအတွက် အသံနှင့် ရုပ်သံ ဖုန်းခေါ်ဆိုမှုများကိုလည်း တိုးချဲ့သွားဖို့အတွက် စီစဉ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခု နောက်ဆုံးထုတ်ပြန်ချက်များအရ Telegram ဟာ ဒီ လူဦးရေကန့်သတ်ချက်ကို ယခုထက်ပို၍ တိုးချဲ့သွားဖို့လည်း ရှိနေသေးကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။