Telegram announced their premium subscription will be launched later this month

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.6.2022 | Telegram ရဲ့ Premium subscription ကို ယခုလနှောင်းပိုင်းတွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း ကြေငြာ

Telegram မှ ငွေပေးချေမှုပြုလုပ်ပြီးမှ အသုံးပြု၍ရနိုင်မည့် လုပ်ဆောင်ချက်အသစ်အချို့ကို စတင်၍ထည့်သွင်းမှုပြုလုပ်ခဲ့ပါတယ်။

၎င်းတို့ရဲ့ platform ပေါ်တွင် ရေးသားထားသော Post တစ်ခုအရ Telegram ရဲ့ founder ဖြစ်သူ Pavel Durov က ၎င်းတို့ရဲ့ messaging ဝန်ဆောင်မှုဟာ ငွေပေးချေမှုပြုလုပ်ပြီး အသုံးပြုရမည့် Telegram Premium subscription ကို ယခုလနှောင်းပိုင်းတွင် စတင်ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး အသုံးပြုသူများအတွက် “ထပ်ပေါင်းလုပ်ဆောင်ချက်များ၊ မြန်ဆန်မှုနှင့် အခြားသောအရင်းအမြစ်များ” ကိုအသုံးပြုခွင့် ရရှိစေမှာဖြစ်ပါတယ်။

Subscription ပြုလုပ်လိုက်တဲ့အခါ ပါဝင်လာမည့် အချို့သော လုပ်ဆောင်ချက်များကိုလည်း Durov မှ အရိပ်အမြွတ်ပြောကြားခဲ့ပြီး ထိုအထဲတွင် အသစ်ထွက်ရှိလာမည့် လုပ်ဆောင်ချက်များကို ဦးစွာအသုံးပြုနိုင်ခြင်း၊ ပိုမိုကြီးမားတဲ့ file များကို upload ပြုလုပ်နိုင်ခြင်းနှင့် premium သီးသန့် sticker များနှင့် reaction များကို အသုံးပြုခွင့်လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။