Technology news from everywhere

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.5.2020 | နေရာတစ်ကာမှ နည်းပညာသတင်းများ

Huawei ဟာ Google ဝန်ဆောင်မှုများနှင့် application များပါဝင်သောဖုန်းကို ထုတ် လုပ်တော့မှာဖြစ်ပါတယ်။ ထိုအရာသည် လွန်ခဲ့သောနှစ်က လိုင်စင်/ အသိအမှတ်ပြု လက်မှတ်ရရှိပြီးသည့် flagship model ၏ ပိုမို အဆင့်မြှင့်တင်ထားသော version: P30 Pro New Edition အနေနှင့် ထွက်ရှိလာမည် ဖြစ်သော်လည်း အမေရိကန်၏ ပိတ် ဆို့မှုနှင့် သက်ဆိုင်မည်မဟုတ်သောကြောင့်၊ လစ်ဟာကွက်တစ်ခုဖြစ်နေပါသည်။ ထို့ အတူ Huawei ဟာ P30 Lite New Edition နှင့် Honor 8S New Edition တို့ကိုလည်း ပြသခဲ့ပြီးဖြစ်ပါသည်။ P30 Pro အသစ်သည် မေလ ၁၅ရက်နေ့တွင် ထွက်ရှိမည်ဖြစ် ပါသည်။

အမေရိကန် ကုမ္ပဏီများဟာ 5G ကို စံသတ်မှတ်ခြင်းပြုလုပ်နိုင်ရန်အတွက် Huawei နှင့် အတူတကွအလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။ Reuters သတင်းဌာနမှတွေ့ရှိခဲ့သည် မှာ - အမေရိကန်အာဏာပိုင်များဟာ ပိတ်ဆို့မှုများရဲ့အကျိုးသက်ရောက်မှုများကို ထို ကဲ့သို့ ဖြေလျော့မှုများပြုလုပ်ရန်ပြင်ဆင်နေပါသည်။ အမေရိကန်ရဲ့ Huawei ကိုဖယ် ထုတ်ရန်လုပ်ဆောင်မှုသည် အမေရိကန်နိုင်ငံသားများကို စံသတ်မှတ်မှုများပြဌာန်းရာ တွင် ထိခိုက်မှုများဖြစ်စေခဲ့ပါသည်။ 

Nvidia မှ Cumulus ကိုဝယ်ယူခဲ့ပါသည်။ ထိုအရာသည် Mellanox ကို ဒေါ်လာ ၆.၉ ဘီလျံနှင့်ဝယ်ယူခဲ့ပြီး မကြာမှီတွင်ဖြစ်ပွားခဲ့ပါသည်။ Nvidia ဟာ data စင်တာ များနှင့် network ချိတ်ဆက်မှုများဘက်သို့ ပိုမိုအားထားကာ သွားရောက်လိုနေတယ်ဆိုတာကို Mellanox ကိုဝယ်ယူခြင်းဖြင့် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခြားအရာများအပြင် ယခု အခါတွင် Nvidia ဟာ network hardware အတွက် open operating system တစ် ခုဖြစ်သော Cumulus Linux ကို ယခုအခါတွင် ရရှိခဲ့ပြီဖြစ်ပါတယ်။ 


Amazon Web Services ဟာ Elemental Link box ကို ကြေငြာခဲ့ပါတယ်။ ထိုအရာ သည် သေးငယ်သော hardware အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုအရာမှတစ်ဆင့် ဗီဒီ ယိုများကို AWS cloud ကို stream ပြုလုပ်နိုင်ပြီး AWS Elemental MediaLive service ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Elemental Link ဟာ $995 ကျသင့်မှာ ဖြစ်ပါတယ်။ 


Microsoft မှ GitHub ရှိ လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ပေးခဲ့ပါသည်။ Codespaces ဆိုသည်မှာ GitHub ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော web browser ပေါ်တွင် ရရှိနိုင်သည့် development interface (IDE) တစ်ခုဖြစ်ပါသည်။ သမားရိုးကျ codebase နှင့် security scan များအပြင် private instance (သီးသန့်ဖြစ်ရပ်) များနှင့် discussion (ဆွေးနွေးပွဲ) များလည်း ရှိနေပါသည်။ ထို့နောက် Visual Studio Code ဟာ GitHub အသစ်ကို ထည့်သွင်းခဲ့ပါတယ်။ 

ယခုအပတ်ဟာ Microsoft မှာ နောက်ထပ် open source တစ်ခုကို launch လုပ်တဲ့ နောက်ထပ် ရက်သတ္တပတ်တစ်ခုဖြစ်ပါတယ်။ ဒီအခါမှာတော့ Rust/ WinRT activity ကို အများပြည်သူအနေနဲ့ ကြည့်ရှု၍ရစေရန်ချပြခဲ့ခြင်းဖြစ်ကာ ထိုအရာများကို GitHub ပေါ်တွင်ရ ရှိနိုင်ပါသည်။ ဒီ project ဟာ Windows Runtime (WinRT) ကို Windows API ခေါ်ယူနိုင်သော Rust developer များတွင် ရရှိစေရန်ပြုလုပ်ပေးပါ တယ်။

 

 

Unicode


 








သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။