Tech Issues for Smartphones: Q&A

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.7.2020 | စမတ်ဖုန်းများနဲ့ဆိုင်တဲ့ နည်းပညာပြဿနာများအကြောင်း အမေးအဖြေ။

မေး – ကျွန်တော့် iPhone ကို Second Hand လေး ဝယ်ချင်တာ ဘာတွေကို စစ်ဖို့ လိုမလဲခင်ဗျာ။
ဖြေ – Setting ထဲက iCloud ထဲမှာ အကောင့်ဝင်ထားတာ မရှိဖို့ အဓိက စစ်ဆေးသင့်ပါတယ်။ iOS Version ကိုလည်း 10 လောက် အနည်းဆုံး ရှိသင့်ပါတယ်။ ကျန်တာကတော့ Touch ကောင်းမကောင်း၊ Body ကောင်းမကောင်းနဲ့ Storage ကို ကြည့်ပါ။

မေး – အိမ်က Mi ဖုန်းလေး မသုံးတာ 4 လလောက် ရှိပါပြီ။ အခု ပါဝါဖွင့်မရတော့လို့ပါ။ အားတစ်ညလုံးသွင်းလဲ မပွင့်လို့ပါ။ 
ဖြေ – ဘက်ထရီပျက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ Power IC ထိခိုက်သွားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ နှစ်မျိုးလုံးဟာပြင်နိုင်တဲ့အတွက် ဆိုင်ကို ပြကြည့်လိုက်ပါ။ Power IC ကြောင့် ဆိုရင်တော့ ဈေးများနိုင်ပါတယ်။

မေး –ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်လို့ ကွန်ပျူတာမှာ Virus ရှိနေရင် ဖုန်းဆီကို Virus ဝင်နိုင်ပါသလားခင်ဗျာ။ ကျေးဇူးပြုပြီးတော့ ပြောပြပေးပါဦး အစ်ကိုရေ။
ဖြေ – ယေဘုယျအားဖြင့်တော့ ကွန်ပျူတာတွေက စမတ်ဖုန်းကို မထိခိုက်စေနိုင်ပါဘူး။ သင့်ရဲ့ဖုန်းဗိုင်းရပ်စ်ကိုက်နိုင်တဲ့တစ်ခုတည်းသောနည်းကတော့ third-party app တွေကို အသုံးပြုခြင်းနဲ့ အင်တာနက်ပေါ်မှ အန္တရာယ်ရှိတဲ့ဖိုင်များကိုဒေါင်းလုပ်ဆွဲမိတဲ့အတွက်ပဲဖြစ်ပါ တယ်။

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။