T-Mobile plans to give free internet to 10 million students

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.9.2020 | T-Mobile က ကျောင်းသား/သူ ပေါင်း ၁၀သန်းခန့်ကို အခမဲ့အင်တာနက်ပေးအပ်နိုင်ရန်အတွက်စီစဉ်နေ 

T-Mobile က ကပ်ရောဂါကြောင့် အဝေးမှပညာသင်ကြားရေးပုံစံသို့ပြောင်းလဲသွားတဲ့ သန်းပေါင်းများစွာသော ကျောင်းသား/သူများနဲ့ သူတို့ရဲ့နေအိမ်များကို အခမဲ့အင်တာနက်ဝန်ဆောင်မှုများပေးသွားဖို့ ကြံရွယ်လျှက်ရှိနေပါ တယ်။

အဆိုပါမိုဘိုင်းလ်ကွန်ယက်က မကြာသေးမှီကပဲ အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလျံကိုမတည်ပေးခဲ့ပြီး အခမဲ့ ကျောင်းနေ့လည်စာပရိုဂရမ်များတွင် ပါဝင်နေတဲ့ အမေရိကန်နိုင်ငံသူ/ နိုင်ငံသား ကျောင်းသား/သူများအတွက် အခမဲ့အင်တာနက်ချိတ်ဆက်မှုကိုပေးအပ်နိုင်ဖို့အတွက် ကြိုးပမ်းလျှက်ရှိနေတာဖြစ်ပါတယ်။ 

အဆိုပါ ၁၀-နှစ်ကြာပရိုဂရမ်အတွင်း ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စုများအနေနဲ့ အခမဲ့ wireless hotspots များနဲ့ အခမဲ့ high-speed ဒေတာများကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအကြံအစည်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ယခုအခါမှာ နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတည်ရှိတဲ့မြို့နယ်များနဲ့ လက်တွဲပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ T-Mobile က ပြောကြားသွားခဲ့ပါတယ်။ 

“ဒီကပ်ရောဂါမတိုင်မှီကတည်းက အမေရိကန်နိုင်ငံအတွင်းရှိ ၅၆သန်းသော ကျောင်းနေအရွယ်ကလေးများတွင် ၉သန်းခန့်ဟာ တည်ငြိမ်စိတ်ချရတဲ့အင်တာနက်ကိုမရရှိတဲ့အတွက် အိမ်စာ assignment များကို ပြီးစီးအောင် မလုပ်နိုင်ခဲ့ကြပါဘူး။ ဒီ COVID-19 ကပ်ရောဂါဆိုကြီးကြောင့် ယခုအခါမှာ သန်း ၅၀ ခန့်သော ကျောင်းသားများဟာ အိမ်ကနေတဆင့် သင်ခန်းစာများကို လေ့လာနေကြရပြီး သူတို့အတွက်အင်တာနက်ဟာ မရှိမဖြစ်လိုအပ်နေတဲ့အရာဖြစ်နေပါတယ်။” ဟူ၍ T-Mobile က ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။