Surveillance Technologies and Corona Virus

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.8.2020 | စောင့်ကြည့်ရေးနည်းပညာများနှင့် ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကပ်ရောဂါပြန့်ပွားမှုများဖြစ်ပွားနေသည်နှင့်အမျှ ကမ္ဘာတစ်ဝှမ်းရှိအစိုးရအဖွဲ့များမှာ ပေါ်လစီအသစ် များကိုရေးဆွဲကာ ထိုသို့ပြန့်ပွားမှုအားထိန်းချုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေကြပါတယ်။ 

နိုင်ငံသားမဟုတ်သူများကို ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းများသာမက ဒီဂျစ်တယ်နည်းပညာနှင့် စောင့်ကြည့်ရေးနည်း ပညာများများအသုံးပြုကာ အလည်အပတ်လာရောက်သူများနှင့် နိုင်ငံသားများကိုပါ ခြေရာခံစောင့်ကြည့်ထိန်း ချုပ်နိုင်ရန်အတွက် အသုံးပြုလာကြပါတယ်။ 

အချို့သောအစိုးရအဖွဲ့များတွင် သံသယရှိသူ၏ တည်နေရာကိုပြသပေးနိုင်သည့် electronic လက်ပတ်များကို အသုံးပြုလျှက်ရှိပြီး အကယ်၍ ထိုသူ၏တည်နေရာအပြောင်းအလဲဖြစ်ပေါ်ခဲ့ပါက ကျန်းမာရေးဌာနနှင့် ရဲဌာန များသို့ alert ပေးသွားမှာဖြစ်ပါတယ်။ အချို့ကတော့ lockdown ချသည့်ပေါ်လစီများနှင့်အတူ ဒရုန်းများကို အသုံးပြုကာ အဆိုပါရောဂါ ဆက်လက်ပြန့်ပွားမှုမရှိစေရန်အတွက်စောင့်ကြည့်မှုများပြုလုပ်လျှက်ရှိနေပါတယ်။ 

ဒီနည်းပညာများနှင့် တုန့်ပြန်မှုများဟာ ဗိုင်းရပ်ပြန့်ပွားမှုကိုထိန်းချုပ်ကာကွယ်ရာတွင်ထိရောက်မှုရှိနိုင်သော်လည်း အဆိုပါကပ်ရောဂါအလွန် ကာလများတွင်တော့ လွဲမှားစွာအသုံးချမှုများရှိလာပါက ပြဿနာများရှိလာနိုင်သည့် အတွက် ကျွန်ုပ်တို့အနေနဲ့ အဆိုပါနည်းပညာများကို သတိထားကိုင်တွယ်သင့်ကြောင်းပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။  

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။