Super Nintendo World will open at Universal Studios in Osaka, Japan within March

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.3.2021 | အိုဆာကာ၊ ဂျပန်ရှိ Universal Studios တွင် Super Nintendo World ကို မတ်လအတွင်း ဖွင့်လှစ်တော့မည်

COVID-19 ကပ်ရောဂါကြောင့် အဆိုပါ Mario themed area ကိုဖွင့်လှစ်ဖို့ များစွာနှောင့်နှေးမှုများဖြစ်ခဲ့ရပြီးနောက် ယခုအခါ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ Universal Studios တွင် Super Nintendo World အား မတ်လ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါနေရာအသစ်တွင် real-world Mario Kart နဲ့အတူ Nintendo ရဲ့ လူသိအများဆုံး သတ္တဝါလေးများနဲ့ ဂိမ်းဇာတ်ကောင်များပါဝင်တဲ့ အပန်းဖြေစရာနေရာများကို အဓိကထည့်သွင်း ပြသသွားမှာဖြစ်ပါတယ်။ 

အဆိုပါနေရာအသစ်အကြောင်းရိုက်ကူးထားတဲ့ ဓါတ်ပုံများနဲ့ ဗွီဒီယိုများအရ Super Nintendo World အတွင်း လမ်းလျှောက်ရခြင်းဟာ မာရီယိုဂိမ်းတစ်ခုအတွင်းလျှောက်သွားနေရသကဲ့သို့ ခံစားရစေမှာဖြစ်ပြီး virtual coin များကို စုဆောင်းခြင်းနဲ့ virtual item များကို စုဆောင်းခြင်းတို့ကိုလည်း အဆိုပါနေရာအတွင်း သွားလာရင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အခြားသော attraction များအနေဖြင့်လည်း real-life Mario Kart ပြေးလမ်း၊ Princess Peach’s ရဲတိုက်၊ Mario ထဲက မှိုပွင့်လေးများအတိုင်း ပြင်ဆင်ထားသည့် စားသောက်ဆိုင်နှင့်အတူ Yoshi’s Adventure ride အစရှိသည့်အရာများ ပါဝင်ဦးမှာဖြစ်ပါတယ်။ 

သို့သော်လည်း ကပ်ရောဂါပြန့်ပွားနေဆဲကာလဖြစ်တဲ့အတွက် Universal Studios Japan ဟာ သူတို့ရဲ့ အပန်းဖြေကစားကွင်းအတွင်းသို့ဝင်ရောက်ခွင့်ပေးမည့် လူဦးရေကို အမြဲတမ်းကန့်သတ်ထားကာ ကူးစက်ရောဂါများ ပြန့်ပွားမှုမရှိစေရေးအတွက် ကာကွယ်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။