Steam has Revealed Handheld Steam Gaming Device Called Steam Deck

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.7.2021 | Steam Deck ဟု အမည်ပေးထားတဲ့ Handheld Steam Gaming Device တစ်ခုကို Steam မှ ကြေငြာ

Video game platform တစ်ခုဖြစ်တဲ့ Steam ဟာ handheld Steam gaming device တစ်ခုဖြစ်တဲ့ Steam Deck ကို ထုတ်ဖော်ပြသလိုက်ပြီပဲဖြစ်ပါတယ်။ ၎င်းကို လာမည့်ဒီဇင်ဘာလမှစတင်၍ အမေရိက၊ ကနေဒါ၊ ဥရောပနှင့် UK ဒေသများတွင် ကန်ဒေါ်လာ ၃၉၉ ခန့်ဖြင့် ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။ 

အဆိုပါ device ဟာ Nintendo Switch device နှင့်ဆင်တူပြီး ၇” touch screen, 1280x800 resolution နဲ့ 60Hz refresh rate တို့ဖြင့် ထွက်ရှိလာမှာဖြစ်သလို dual thumbstick များ, 32.5 mm square trackpad များနဲ့ analog directional pad, အဓိက face button ၄ခု, Trigger များနဲ့ grip button များအပြင် gyroscope control များလည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် headphone jack, stereo speaker များ, dual microphone များ, haptic feedback တို့လည်းပါဝင်လာမှာဖြစ်ပြီး အလေးချိန်အားဖြင့်တော့ ၆၆၉ ဂရမ်ခန့်သာ လေးမှာဖြစ်ပါတယ်။ 

Hardware ပိုင်းတွင်တော့ AMD နှင့်ပူးပေါင်းထုတ်လုပ်ထားတဲ့ Steam Deck ရဲ့ custom chipset ဟာ 2.4-3.5GHz processor နှင့် 1.0-1.6GHz GPU, LPDDR5 RAM 16GB နှင့် microSDcard ဖြင့် 512GB အထိ တိုးမြှင့်၍ရနိုင်သော internal storage တို့ပါဝင်လာမှာဖြစ်ပါတယ်။ Valve ရဲ့ ပြောကြားချက်အရ တစ်ခါအားသွင်းထားလျှင် ဘက်ထရီသက်တမ်းမှာ ၂ နာရီမှ ၈ နာရီအထိ ခံနိုင်ရည်ရှိပြီး ဂိမ်းကစားသူများမှ ကစားမယ့်ဂိမ်းများအပေါ်မူတည်၍ အပြောင်းအလဲရှိလာနိုင်ကြောင်းကို သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။